အင်တာနက်ပေါ်မှာ Content Creator အနေနဲ့ အချိန်ပိုင်းဘဲ ဖြစ်ဖြစ်၊ အဓိက အလုပ်အကိုင်အနေနဲ့ဘဲ ဖြစ်ဖြစ် ဝင်ငွေတွေရနိုင်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဒီလို Content Creator တွေအလုပ်တွေက ဝင်ငွေကောင်းကောင်းရနိုင်တယ်ဆိုပေမယ့် ဘယ်ကစရမှန်းမသိတာတွေ၊ အိုင်ဒီယာတွေရှုပ်ထွေးနေတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ Monetize Myanmar ကနေ Newbie Content Creator တွေအတွက် အလုပ်ဖြစ်နိုင်မယ့် အိုင်ဒီယာ ၁၀ခုကို မျှဝေပေးလိုက်ပါတယ်။
Table of Contents
၁။ Education Channel
Education Channel ကတော့ ကိုယ့်မှာ အသိပညာ၊ အတတ်ပညာတစ်ခုခုကောင်းကောင်းရှိမယ်ဆိုရင် သူများကို ပြန်လည်သင်ကြားပြသတာတွေ၊ မျှဝေတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ ဘာသာစကားတွေ၊ နည်းပညာဆိုင်ရာတွေ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်တွေ စတဲ့အရာတွေကို ကိုယ်က သေချာတတ်မြောက်နေတဲ့သူဆိုရင်တော့ Education Channel လုပ်တာ ဘယ်လိုမှ အရှုံးမရှိပါဘူး။ လူတိုင်း ပညာရပ်တစ်ခုခုကို စူးစမ်းလေ့လာဖို့လိုနေတာပါ။
၂။ Entertainment Channel
ဖျော်ဖြေရေးဆိုင်ရာ Channel တွေကလည်း ကမ္ဘာနဲ့တစ်ဝှမ်းလိုအပ်နေတဲ့အရာပါဘဲ။ Entertainment ဆိုတာ ကမ္ဘာဦးကတည်းက ရှိတဲ့အရာမို့ ကမ္ဘာတည်သ၍ ဖျော်ဖြေရေးတွေကတော့ ရှိနေအုံးမှာပါ။ Short Video တွေ၊ ဟာသတွေ၊ Reaction Video တွေ၊ Cover Songs တွေလိုမျိုး လူတွေကို စိတ်အပန်းပြေစေမှုနဲ့ စိတ်ကျေနပ်မှုရရှိစေတဲ့ Content မျိုးတွေလည်း ဖန်တီးနိုင်ပါတယ်။
၃။ Gaming Channel
ဂိမ်းဆော့ရတာကို ဝါသနာပါတဲ့သူတွေလုပ်သင့်တဲ့ Channel ပါဘဲ။ Game Review, Footage, tips & tricks တွေကို လုပ်နိုင်မယ်ဆိုရင်တော့ ဂိမ်းကို စိတ်ဝင်စားတဲ့ လူငယ်တွေ အားထားရတဲ့ Channel တစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။
၄။ Vlog Channel
Vlog ဆိုတာကတော့ တစ်ကယ်တော့ Blog + Video ပေါင်းပြီးဖြစ်လာတာပါ။ အရင် အင်တာနက်ခေတ်ဦးတွေတုန်းက website တွေဖန်တီးပြီး စာရေးတဲ့သူတွေရှိကြပါတယ်။ သူတို့ကို Blogger လို့ခေါ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Video တွေခေတ်စားလာတော့ စာတွေကိုဘဲ ဗီဒီယိုအတိုအထွာနဲ့ ဖန်တီးပြီးမျှဝေတဲ့သူကို Vlogger လို့ခေါ်တာဖြစ်ပါတယ်။
ကိုယ့်ရဲ့ လူမှုဘဝ၊ အတွေးအခေါ်ဆိုင်ရာ၊ ထင်မြင်ချက်တွေ၊ အတွေ့အကြုံတွေကို မျှဝေလေ့ရှိတဲ့သူတွေကတော့ Vlog Channel လေးထောင်ထားတာ မမှားပါဘူး။ အကြိုက်တူ၊ အတွေးတူ၊ အယူအဆ သဘောကျသူတွေ သင့် Channel ကို လာပါလိမ့်မယ်။
၅။ Travel Channel
ခရီးသွားလေ့ရှိတဲ့ Traveller တွေ လုပ်သင့်တဲ့ Channel အမျိုးအစားဖြစ်ပါတယ်။ ခရီးသွား အတွေ့အကြုံတွေ၊ Review တွေနဲ့ Tips & Tricks တွေကို မျှဝေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်က Travel Agent တွေ၊ Company တွေနဲ့ပါ ချိတ်ဆက်ထားနိုင်ရင် ကော်မရှင်ခလည်း ရနိုင်ပါသေးတယ်။
၆။ Beauty and Fashion
အလှအပနဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ Channel တွေကလည်း အခုနောက်ပိုင်း တော်တော်လေး ခေတ်စားလာပါတယ်။ မိတ်ကပ်လိမ်းနည်း၊ အသားအရည်ထိန်းသိမ်းနည်းကစပြီး အဝတ်အစားပိုင်းဆိုင်ရာ Video တွေကိုပါ တင်ဆက်ကြလို့ လူငယ်တွေနေ့စဉ်ကြည့်ဖြစ်နေတဲ့ Channel အမျိုးအစားလည်း ဖြစ်ပါတယ်။
၇။ Health and Wellness
ကျန်းမာရေးဆိုင်ရာ Tips & Tricks တွေကို တင်ဆက်ပေးနိုင်တဲ့ Channel တွေကလည်း လူလတ်ပိုင်းနဲ့ လူကြီးတွေ အကြည့်များတဲ့ ဗီဒီယိုအမျိုးအစား ဖြစ်ပါတယ်။ နိုင်ငံခြားမှာတော့ အချို့ ဆရာဝန်တွေ၊ သူနာပြုတွေကတော့ သူတို့ရဲ့ အားလပ်ချိန်မှာ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကို ပြန်လည်မျှဝေတဲ့ ဗီဒီယိုတွေ၊ Reaction Video တွေလုပ်ကြပါတယ်။ မြန်မာမှာတော့ Health and Wellness Channel တွေ နည်းနေပါသေးတယ်။
၈။ Technology Channel
နည်းပညာဆိုင်ရာ Channel တွေဖြစ်လို့ နည်းပညာနဲ့ပတ်သတ်ပြီး အမှန်တစ်ကယ် ဝါသနာကြီးသူတွေ လုပ်သင့်တဲ့ Channel အမျိုးအစားဖြစ်ပါတယ်။ နည်းပညာဆိုင်ရာ Tips & Tricks တွေ၊ How To တွေ၊ Review တွေကို ပြုလုပ်နိုင်ပါတယ်။
၉။ Food Channel
အစားအသောက်ဆိုင်ရာ ဗီဒီယိုတွေကလည်း လူကြည့်တော်တော်များတဲ့ အထဲမှာ ပါပါတယ်။ ဟင်းချက်နည်းတွေ၊ Reaction တွေ၊ အစားအသောက်ဆိုင်ရာ Review တွေကို ပြုလုပ်နိုင်ပါတယ်။ Engagement တော်တော်ကောင်းတဲ့အထဲပါလို့ ဟင်းချက်ဝါသနာပါတဲ့သူတွေ လုပ်သင့်တဲ့ Channel အမျိုးအစား ဖြစ်ပါတယ်။
၁၀။ DIY and Craft Channel
ဘာဘဲဖြစ်ဖြစ် DIY လုပ်လိုက်ရမှ စိတ်ကျေနပ်တဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ DIY ဆိုတာ Do It Yourself ကို ဆိုလိုတာဖြစ်ပြီး DIY Video တွေက စိတ်ကျေနပ်မှုကိုလည်း ပေးနိုင်သလို DIY Video တွေကို ကြည့်ပြီး အမှန်တစ်ကယ် လိုက်လုပ်တဲ့သူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ DIY Channel တွေ မရှိသလောက် နည်းနေပါသေးတယ်။
ဒါဆိုရင်တော့ Content Creator Career ကို အခုမှ စလုပ်မယ့်သူတွေအတွက် လမ်းစလေးတစ်ခု ဖြစ်လာမယ်လို့ ထင်ပါတယ်။ အဓိကကတော့ ကိုယ်ကျွမ်းကျင်တဲ့ အရာကနေ စတင်လိုက်တာ အကောင်းဆုံးပါဘဲ။ Idea to Project ဖြစ်လာစေဖို့အတွက် Monetize Myanmar ကနေ ဒီပိုစ့်လေးကို ရေးသားပေးလိုက်တာ ဖြစ်ပါတယ်။
Monetize Myanmar ရဲ့ တင်ဆက်မှုတွေကို အချိန်နဲ့တစ်ပြေးညီ ကြည့်ရှုနိုင်ဖို့အတွက် ကျနော်တို့ရဲ့ ပါတနာဖြစ်တဲ့ Myanmar End User Youtube Channel ကို Subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။
Content Creator များ ဖတ်ရှုသင့်သော အခြားပိုစ့်များ
- Content Creator ဆိုတာဘာလဲ?
- Monetization ဆိုတာဘာလဲ?
- Facebook In-Stream Ads Monetization လျှောက်တော့မယ်ဆိုရင်
- Google Adsense ဆိုတာ ဘာလဲ?
- Copyright ရှင်းနည်း
Monetize Myanmar ဆိုတာ
Monetize Myanmar ဆိုတာ Content Creator တွေအတွက် Monetization ဝန်ဆောင်မှု၊ သိထားရမယ့် Tips & Tricks လေးတွေနဲ့ Income Revenue Optimization အကြောင်းလေးတွေကို မျှဝေသွားမယ့် Page လေး ဖြစ်ပါတယ်။
Monetize Myanmar ရဲ့ Monetization Service ဟာ Video Content တွေ ဖန်တီးတဲ့ Content Creator အတွက်တင်မဟုတ်ဘဲ မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့ Content တွေဖန်တီးနေသူများအတွက်ပါ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။
Monetization Myanmar ရဲ့ Facebook Page ကိုလည်း Like and Follow လုပ်ခဲ့ပေးဖို့လည်း ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။
Discussion about this post