ChatGPT App အတုများ ထွက်ပေါ်နေ

UK အခြေစိုက် Cybersecurity ကုမ္ပဏီဖြစ်တဲ့ Sophos က ChatGPT နဲ့ ပတ်သက်ပြီး Apps အတုတွေ ထွက်ပေါ်နေတာကို ရှာဖွေတွေ့ရှိထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Sophos ကုမ္ပဏီရဲ့ ထုတ်ပြန်ထားချက်အရ ChatGPT Apps အတုတွေမှာ Fleeceware Apps နဲ့ Malicious Apps ဆိုပြီး အမျိုးအစား (၂)မျိုး ရှိပြီး (၂)မျိုးလုံးဟာ Malware တွေနဲ့ အလုပ်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ Fleeceware ကို အသုံးပြုထားတဲ့ Apps တွေက များသောအားဖြင့် Free Download အနေနဲ့ တွေ့ရမှာဖြစ်ပြီး ကြော်ငြာအများကြီးနဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။

ကြော်ငြာအများကြီးကို ကြည့်ခိုင်းပြီး သူတို့ Apps ကို Suscribe မလုပ်လုပ်အောင် ဆွဲဆောင်တာ ဖြစ်ပါတယ်။ Suscribe လုပ်ရမယ့် ဈေးကလည်းမပေါပဲ တစ်လကို ၁၀ ဒေါ်လာမှ ၇၀ ဒေါ်လာ အထိကို ကျသင့်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီလို Apps ကိုဖန်တီးထားသူတွေဟာ ကြော်ငြာခကိုလည်း ရယူနေသလို Subscribe လုပ်လိုက်မိတဲ့ လူတွေဆီကလည်း လစဥ်ကြေးတွေကို ခိုးယူနေကြတာ ဖြစ်ပါတယ်။

Malicious Apps ကလည်း Fleeceware Apps နဲ့ စင်တူပေမယ့် ပိုပြီး အန္တာရယ်ရှိပါတယ်။ Malicious Apps တွေဟာ အဆင့်မြှင့်တဲ့ Android ဖုန်းတွေကိုတောင် သူ့မှာပါတဲ့ Maleware နဲ့ တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။ Malicious Apps ကို ဖန်တီးသူများဟာ အင်ဂျင်နီယာအဆင့်တွေအထိ ပါဝင်နေတာကြောင့် သင့်ရဲ့ အချက်အလက်တွေကို ထပ်ခါတလဲလဲ တောင်းခံတာမျိုးရှိသလို သင့်ရဲ့ ပိုက်ဆံများစွာကိုလည်း ဆုံးရှုံးအောင် ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ တစ်ခါတစ်လေမှာ အလကား လက်ဆောင်ပေးတာမျိုးတွေအထိ ပြုလုပ်ကာ အသုံးပြုသူတွေကို ဆွဲဆောင်တာတွေအထိ ရှိတယ်လို့ Sophos က ပြောပြထားပါတယ်။

အပေါ်မှာပြောပြခဲ့တဲ့ Apps (၂)မျိုးလုံးဟာ အသုံးပြုသူတွေဆီက ငွေတွေကို တစ်ဖက်လှည့်နဲ့ ခိုးယူနေကြတာဖြစ်သလို Apple Apps Store နဲ့ Google Play Store တို့မှာ Rating များအောင် ဖန်တီးထားတတ်ကြပြီး Reviews အတုတွေနဲ့လည်း လူတွေကို Download ရယူချင်အောင် ပြုလုပ်ထားတတ်လို့ အရမ်းဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ Sophos က ရှာတွေ့ထားတဲ့ Apps အတုတွေကတော့ –

သင့်ရဲ့ ဖုန်းထဲမှာ အပေါ်မှာ ပြထားတဲ့ App တစ်ခုခုကို Install လုပ်ထားမိတယ်ဆိုရင်တော့ အခုချက်ခြင်း ဖျက်ပစ်လိုက်တာက သင့်အတွက်အကောင်းဆုံး ဖြစ်သလို Suscribe လုပ်ပြီး လစဥ်ကြေးပေးဖို့အချက်အလက်တွေ ဖြည့်ထားမိရင်လည်း ချက်ချင်းရပ်တန့်ပြီး ဖုန်းထဲကနေ App ကို Uninstall လုပ်ဖို့ အကြံပြုလိုက်ပါတယ်။

Exit mobile version