Snapchat ရဲ့ My AI မှာ Error တစ်ခုဖြစ်ပွား

ဒီနှစ်အစောပိုင်းမှာ Shapchat က မိတ်ဆက်ပေးခဲ့တဲ့ My AI လို့ ခေါ်တဲ့ AI Chatbot ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Error တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Shapchat ရှိ My AI အသုံးပြုသူ တချို့ရဲ့ Stories မှာ My AI က ကိုယ်တိုင်တင်လိုက်တဲ့ ပုံကို မြင်တွေ့ခဲ့ရပြီး အသုံးပြုသူများရဲ့ Report တွေအရ အဲဒီအချိန်မှာ My AI က သူတို့ကို ဘာတစ်ခုမှ Reply လည်း မလုပ်တော့ဘူးလို့ သိရပါတယ်။ အချိန်တော်အတန်ကြာပြီးမှ “တောင်းပန်ပါတယ်၊ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခု ကြုံခဲ့ရပါတယ်” လို့ My AI က Reply ပြန်ခဲ့တယ်လို့ အသုံးပြုသူများရဲ့ X ပေါ်မှာ တင်ထားတဲ့ Posts တွေအရ သိရပါတယ်။

SnapChat ရဲ့ MyAI က Story မှာ တင်လိုက်သည့်ပုံ

၁ စက္ကန့်လောက်ပဲ ကြာတဲ့ My AI ရဲ့ Stories ဟာ ပုံတဲ့မှာ မြင်ရတဲ့အတိုင်း အရောင် (၂) မျိုးထဲသာပါတဲ့ Wallpaper ပုံမျိုးဖြစ်နေပါတယ်။ Snapchat ကလည်း အခုလိုဖြစ်ပွားခဲ့တာကို ဝန်ခံထားပြီး ဒါဟာ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်တစ်ခုဖြစ်ကြောင်း ရှင်းပြထားကာ ညတွင်းခြင်းပဲ ပြင်ဆင်ပေးလိုက်ပြီ ဖြစ်ကြောင်း ပြောထားပေမယ့် အသုံးပြုသူ တချို့ကတော့ ဒါဟာ My AI ရဲ့ ခံစားချက်ကို သူကိုယ်တိုင် တင်ခဲ့တဲ့ ပုံ တစ်ပုံ ဖြစ်နေခဲ့ရင် ဒါဟာအရမ်းကို ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။

Snapchat ရဲ့ My AI ကို မိတ်ဆက်ပေးရတဲ့ ရည်ရွယ်ချက်ဟာ အပျော်သဘော ပေါ့ပေါ့ပါးပါးအသုံးပြုဖို့ ဖြစ်ပေမယ့် အစကတည်းက အငြင်းပွားမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အစောပိုင်းတုန်းက အရွယ်မရောက်သေးသူများကို သူတို့နဲ့ မသက်ဆိုင်တဲ့ အသုံးအနှုန်းတွေနဲ့ စကားပြန်ပြောခဲ့လို့ အသုံးပြုသူများရဲ့ Report များကြောင့် အုပ်ထိန်းသူများက ထိန်းချုပ်ခွင့်ရှိတဲ့ လုံခြုံရေး Feature တစ်ခုကိုလည်း ထည့်သွင်းပေးခဲ့ ရပါသေးတယ်။

Exit mobile version