မကြာသေးခင်ကမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Samsung ရဲ့ Summer Unpacked ပွဲမှာ နောက်ဆုံးပေါ် Foldables Phone အသစ်ဖြစ်တဲ့ Z Flip 7 ကို မိတ်ဆက်ခဲ့ပြီး၊ ပိုစျေးသက်သာပြီး “Fan Edition” ဖြစ်တဲ့ Z Flip 7 FE ကိုပါ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Z Flip 7 မှာ အရှေ့ဘက်မျက်နှာပြင်ကို ဘေးဘောင်ပျောက်နီးပါးအထိ အပြည့်ချဲ့ထားပေမယ့်၊ Z Flip 7 FE မှာတော့ အရင်မော်ဒယ်တွေကလို ဖိုင်တွဲပုံစံ Cover Screen ဒီဇိုင်းအဟောင်းကိုပဲ ဆက်လက်အသုံးပြုထားတာကို တွေ့ရတာ ဖြစ်ပါတယ်။
Flip 7 FE ဟာ Samsung ရဲ့ အမြင့်ဆုံး Galaxy ဖုန်းတွေအတွက် ဈေးနှုန်းသက်သာတဲ့ ရွေးချယ်စရာအဖြစ် ထုတ်လုပ်ပေးတဲ့ “Fan Edition” Line ရဲ့ ပထမဆုံး ခေါက်ဖုန်းဖြစ်လာပါတယ်။ သူ့ရဲ့ဈေးနှုန်းက $899 ဖြစ်ပြီး၊ Z Flip 7 ကတော့ $1,099 ကျသင့်မှာဖြစ်ပါတယ်။ နှစ်မျိုးစလုံးကို US မှာ ဒီနေ့ကစပြီး ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး၊ ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ တရားဝင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ Flip 7 ကို အနက်၊ အပြာ၊ အနီ နဲ့ အစိမ်းရောင်တွေ ရွေးချယ်နိုင်ပေမယ့်၊ FE မော်ဒယ်ကိုတော့ အနက်နဲ့ အဖြူရောင်နှစ်မျိုးပဲ ထုတ်လုပ်ထားပါတယ်။

Z Flip 7 FE ဟာ အရင်နှစ်ကထွက်ခဲ့တဲ့ Flip 6 နဲ့ ဒီဇိုင်းပိုင်း အတော်လေးဆင်တူနေတာ တွေ့ရပါတယ်။ 720p resolution ရှိတဲ့ ၃.၄ လက်မ Cover Screen၊ ၆.၇ လက်မ အတွင်းမျက်နှာပြင်၊ 10MP ရှေ့ကင်မရာ၊ 12MP Ultrawide ကင်မရာနဲ့ 50MP Wide-angle ကင်မရာတို့ ပါဝင်ပါတယ်။ ဘက်ထရီကလည်း 4,000mAh ဖြစ်ပြီး၊ Storage ကိုတော့ 256GB နဲ့ 512GB ဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။
အရင်ထွက်ခဲ့တဲ့ Flip 6 မှာ RAM 12GB ပါဝင်ခဲ့ပေမယ့် Flip 7 FE မှာတော့ RAM 8GB ပဲ ပါဝင်တော့မှာဖြစ်ပါတယ်။ Chipset ပိုင်းမှာလည်း Snapdragon 8 Gen 3 အစား၊ အနည်းငယ်ပိုနှေးတဲ့ Exynos 2400 Chipset ကိုပဲ အသုံးပြုထားပါတယ်။
Discussion about this post