AI နည်းပညာနယ်ပယ်မှာ Sora အပြင် နောက်ထပ် နည်းပညာအသစ်တွေနဲ့ ၁၂ ရက်တာ Livestreams ကို ဒီဇင်ဘာ ၅ ရက်နေ့က စတင်ပြီး ထုတ်လွှင့်မှာဖြစ်ကြောင်း OpenAI ကကြေညာခဲ့တာ ဖြစ်ပါတယ်။
Shipmas ဆိုတဲ့ အစီအစဉ်ကို OpenAI က ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်ပြီး တစ်နေ့စီမှာ မတူညီတဲ့ Features, Products နဲ့ Demos အသစ်တွေကို ၁၂ရက်ဖြင့် ၁၂ ပိုင်းခွဲပြီး ပြသမှာ ဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီးသတင်းမီဒီယာ တစ်ခုဖြစ်တဲ့ The Verge ကတော့ “အထူးသဖြင့် လူတိုင်း စောင့်ကြည့်နေတဲ့ Text-to-Video AI Tool Sora နဲ့ Reasoning Model အသစ်”တို့ ထွက်ရှိလာနိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
OpenAI ရဲ့ CEO ဖြစ်သူ Sam Altman က New York Times ရဲ့ DealBook Conference မှာ Shipmas အကြောင်းကို တရားဝင်အတည်ပြုခဲ့ပြီး ဘာတွေ ထွက်မလဲဆိုတာ မထုတ်ဖော်ပြောကြားခဲ့ပေမယ့် OpenAI ရဲ့ တစ်ရက်ကို တစ်ခုစီ Event, Products သစ်တွေကို ချပြဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ OpenAI ရဲ့ Sora က Text-to-Video AI Tool တစ်ခုဖြစ်ပြီး အဆိုပါ Tool ကို ၂၀၂၄ တစ်နှစ်လုံး Alpha Testing အနေဖြင့် Artists တွေထံ ချပြထားပြီး သုံးစွဲလာကြတာဖြစ်ပါတယ်။ အဆင့်မြင့်ပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ Video Generation Functionality တွေကို စမ်းသပ်ထားတာဖြစ်ပြီး ဒီနှစ်ကုန်မှာ တရားဝင်ထွက်ရှိနိုင်မယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။
Google ကလည်း OpenAI ရဲ့ Sora လိုမျိုး Veo လို့နာမည်ပေးလားတဲ့ Generative AI Video Model အသစ်ကို ကြေညာခဲ့ပြီး၊ Veo ကို အခုအချိန်မှာ သီးသန့် Platform တွေအနေနဲ့ စတင်ထုတ်လွှင့်ထားပြီဖြစ်ပါတယ်။
OpenAI ရဲ့ Shipmas Event မှာ Santa-Inspired Voice တစ်ခုလည်း ChatGPT အတွက် ထပ်မံထွက်ရှိနိုင်တယ်လို့ သိရပါတယ်။ ChatGPT ကို အသုံးပြုနေတဲ့ သူအချို့က Voice Mode Button နေရာမှာ Snowflake ပုံစံ Logo တစ်ခု ရှိနေတာကို တွေ့ရတာဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး OpenAI ရဲ့ ဝန်ထမ်းအချို့က “What’s on your Christmas list?”, “Got back just in time to put up the shipmas tree” ဆိုပြီး သူတို့ရဲ့ Social Media ပေါ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။ OpenAI ကတော့ ဒီ ၁၂ ရက်တာကာလ အတွင်းမှာ ဘယ်လိုမျိုး အသစ်သစ်တွေကို Christmas အကြိုလက်ဆောင်အနေနဲ့ ချပြမလဲဆိုတာတော့ သေချာစောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။
Discussion about this post