OpenAI ဟာ ကိုယ်ပိုင် Search Engine တစ်ခုကို တည်ဆောက်နေပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ၎င်း သတင်းကို သတင်းဌာန အသေးလေးတွေ သာမက Bloomberg လိုမျိုး သတင်းဌာနကြီးကပါ ရေးသားထားတာ တွေ့ရပါတယ်။
OpenAI ဟာ AI လောကမှာတော့ ဦးဆောင်မှု ရယူထားနိုင်တဲ့ နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်ပေမယ့် ကိုယ်ပိုင် Search Engine ကို တည်ဆောက်မယ် ဆိုရင်တော့ Search Engine လောကကို ကြီးစိုးထားပြီးပြီ ဖြစ်တဲ့ Google နှင့် Microsoft တို့ကို ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် OpenAI အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ AI လောကမှာ လက်ဦးမှု ရယူနိုင်ခဲ့ပေမယ့် Search Engine လောကမှာတော့ OpenAI ဟာ နောက်လိုက် ဖြစ်နေတာကြောင့် အောင်မြင်မှုရရှိအောင် ဘယ်လို ပြုလုပ်သွားမလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
OpenAI ရဲ့ Search Engine နဲ့ ပတ်သက်တဲ့ သတင်းများဟာ OpenAI ကုမ္ပဏီက တရားဝင် ကြေငြာချက်ထုတ်ထားတာ မဟုတ်ပဲ ကောလဟာလ သတင်းအဆင့်သာ ဖြစ်တာကြောင့် အပြည့်အဝ ယုံကြည်လို့ မရသေးပဲ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။
Discussion about this post