Nvidia ဟာ Windows တွေမှာ အသုံးပြုနိုင်မယ့် RTX AI Chatbot ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
သင့် PC မှာ Nvidia ရဲ့ RTX 40 (သို့မဟုတ်) 40 Series Graphic အသုံးပြုထားမယ်၊ VRAM 8GB နဲ့ အထက် ရှိပါက Nvidia ရဲ့ RTX AI Chatbot ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ စမ်းသပ်အသုံးပြုသူများရဲ့ ပြောပြချက်အရ RTX AI Chatbot ဟာ သိလိုတဲ့ မေးခွန်းတွေကို မေးနိုင်သလို YouTube ရှိ Video တွေရဲ့ အကျဥ်းချုပ်ကိုလည်း ပြောပြနိုင်စွမ်းရှိကြောင်း သိရပါတယ်။ သို့ပေမယ့် ChatGPT ၊ Copilot နဲ့ Bard တို့လောက် စွမ်းဆောင်နိုင်စွမ်း မရှိသေးဘူးလို့ သိရပါတယ်။ Nvidia ရဲ့ RTX AI Chatbot Demo ကို အောက်က Video ထဲမှာ ကြည့်နိုင်ပါတယ်။
Source:
The Verge














Discussion about this post