Performance ပိုင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ထားတဲ့ Microsoft Teams Update

Microsoft Teams Update

ရုံးတွေ၊ လုပ်ငန်းတွေမှာ အဓိကအသုံးပြုကြတဲ့ Microsoft Teams App ရဲ့ Update မှာ UI ပိုင်းကို အနည်းငယ်ပြင်ထားပြီး Performance ပိုင်းကိုတော့ သိသိသာသာ ပြုပြင်ထားတယ်လို့ သိရပါတယ်။

Microsoft Teams Update ဟာ အရင်ကထပ် ၂ဆ ပိုမြန်လာမှာဖြစ်ပြီး Memory အသုံးပြုမှုကိုလည်း ၅၀ ရာနှုန်းအထိ လျော့ချပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Design ပိုင်းမှာလည်း ရိုးရိုးရှင်းရှင်းနဲ့ ပိုမိုလွယ်ကူပြီး Smart ကျအောင် ဖန်တီးပေးထားတာ တွေ့ရပါတယ်။ Microsoft Teams App ကို Install လုပ်ရာမှာလည်း အရင်ကထပ် ၃ဆ ပိုမြန်မှာဖြစ်ပြီး Meeting ကို Launch လုပ်တာ (သို့) Join လုပ်တာလည်း အရင်ကထပ် ၂ဆ ပိုမြန်မယ်လို့ Microsoft က ပြောထားပါတယ်။

Microsoft Teams ဟာ အရင်က Performance ပိုင်းဆိုင်ရာမှာ အရမ်းလေးတာကြောင့် အသုံးပြုသူများဟာ စိတ်ညစ်နေကြရပါတယ်။ ဒါကြောင့် အခု Update မှာ Performance ပိုင်းကို အဓိကထားပြီး ပြင်ဆင်ပေးထားတာ တွေ့ရပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ Microsoft 365 မှာ Copilot AI ကို ထည့်သွင်းပေးလာမှာ ဖြစ်တာကြောင့် Microsoft ရဲ့ App တွေဟာ ဒီထပ်ပိုပြီး အဆင့်မြင့်လာဖို့ရှိပါတယ်။

Exit mobile version