Xbox ပေါ်မှာ subscriber များအတွက် ဆယ်စုနှစ်တစ်ခုကျော်ဝန်ဆောင်မှုပေးနေတဲ့ လစဉ် Free Games Program များဖြစ်တဲ့ Xbox Live Gold နဲ့ Games with Gold တို့ကို ၉ လပိုင်း ၁၄ ရက်နေ့မှာ အပြီးတိုင် ပိတ်သိမ်းတော့မှာဖြစ်ကြောင်း Microsoft က ကြေညာခဲ့ပါတယ်။ အဆိုပါ ပရိုဂရမ်နှစ်ခုကို Xbox 360 Series ကထည်းက စတင်ထည့်သွင်းခဲ့ပြီး Xbox One နဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Xbox Series X ထိပါဝင်ခဲ့တာဖြစ်ပါတယ်။ 2020 နောက်ပိုင်းမှာ Microsoft က ၎င်းတို့ရဲ့ Program အသစ်ဖြစ်တဲ့ Xbox Game Pass ကို ပိုမို အာရုံစိုက်ကာ အဆင်မြှင့်တင်နေတာကို တွေရပါတယ်။
၂၀၂၃ စက်တင်ဘာလ 14 ရက်နေ့ နောက်ပိုင်းမှာ Xbox Live Gold နဲ့ Games with Gold ပရိုဂရမ်နှစ်ခု နေရာမှာ အသစ်ဖြစ်တဲ့ Xbox Game Pass Core ပရိုဂရမ် ကို အစားထိုးထည့်သွင်းတော့မှာ ဖြစ်တယ်လို့သိရှိရပါတယ်။ Gold Program ရဲ့ လစဉ်ပေးနေကြဖြစ်တဲ့ အခမဲ့ ဂိမ်းများကိုတော့ ဩဂုတ်လ ထိသာဝန်ဆောင်မှုရရှိတော့ မှာဖြစ်ပါတယ်။ Gold Program ရဲ့ ဩဂုတ်လ အတွက် Free Games မှာ Blue Fire နဲ့ Inertial Drift တို့ဖြစ်ပြီး ၎င်းတို့ကို ဩဂုတ်လ ၃၁ ရက်နေ့ထိ အခမဲ့ ကစားလို့ ရမှာဖြစ်ပြီး ၃၁ ရက်နေ့နောက်ပိုင်းမှာတော့ ဆက်လက်ကစားနိုင်ရန်အတွက် ဝယ်ယူရမှာဖြစ်ပါတယ်။
Discussion about this post