Microsoft က Windows 11 နောက်ဆုံး Updates ရဲ့ Screenshot ပြဿနာကို ဖြေရှင်း

Microsoft က Windows 10 နဲ့ Windows 11 ရဲ့ Screenshot “aCropalypse” Security ပြဿနာကို တွေ့ရှိခဲ့ပြီး အရေးပေါ် Updates တစ်ခုကို သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ Snipping Tool (screenshot) ရဲ့ Error ကို Company ရဲ့ အငြိမ်းစား software engineer Chris Blume က တွေ့ရှိခဲ့တယ်လို့ သိရှိရပါတယ်။

Windows 11 Snipping Tool

Windows 11 ရဲ့ နောက်ဆုံး Updates အပြီး Snipping Tool တွင် Screenshot ရိုက်တဲ့ အခါ ရရှိလာတဲ့ PNG file တွေမှာ စာသားတွေ ပြောင်းပြန်ဖြစ်နေတာတို့ ကျန်နေတာတို့ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အလားတူ “aCropalypse” ပြဿနာကို Pixel Device တွေမှာ အရင်ဆုံးတွေရှိခဲ့ပြီး Google က ပြီးခဲ့တဲ့ မတ်လတွင် Security Update တစ်ခုလုပ်ပြီး ဖြေရှင်းခဲ့ပါသေးတယ်။

Exit mobile version