Microsoft Edge က လာမယ့် Version မှာ ၎င်းတို့ရဲ့ Feature ၅ခုကို ဖယ်ရှားမယ်လို့ သိရှိရ

Microsoft Edge က ၎င်းတို့ရဲ့ Feature 5 ခုကို လာမယ့် Update Version 177 မှာ ဖယ်ရှားဖို့အတွက် စီစဉ်ထားကြောင်း သိရှိရပါတယ်။ ဖယ်ရှားတော့မှာဖြစ်တဲ့ အင်္ဂါရပ်များမှာ AI ကို အသုံးပြုပြီး သင်္ချာပုစ္ဆာများကို ကူညီဖြေရှင်းပေးတဲ့ Math Solver၊ Picture Dictionary၊ Citations၊ Grammar Tools နဲ့ Kids Mode အစရှိတဲ့ Feature များဖြစ်ပါတယ်။

Microsoft က ၎င်းတို့ရဲ့ အင်္ဂါရပ်များကို ဖယ်ရှားရခြင်းရဲ့ ရည်ရွယ်ချက်ကိုတော့ တိကျစွာဖော်ပြထားတာတော့ မရှိသေးပါဘူး။ Edge မှာ အဆိုပါ Feature များကို လူသုံးနည်းလာတာရယ်၊ များပြားလွန်းပြီး မလိုအပ်တဲ့ Feature များကို လျော့ချပြီး ပိုမိုကောင်းမွန် အသုံးဝင်တဲ့ Browser တစ်ခု‌ကိုပြန်လည်တည်ဆောက်မို့ အတွက် Feature အချို့ကို ဖယ်ရှားရခြင်း ဖြစ်တယ်လို့ Company က ပြောကြားထားပါတယ်။ User အချို့ ကတော့ အဆိုပါ Feature များဖယ်ရှားခြင်းနဲ့ ပတ်သက်ပြီး စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုထားပေမယ့် User တော်တော်များများကတော့ အဆိုပါသတင်းနဲ့ ပတ်သက်ပြီး ဘာမှပြောဆိုထားတာမရှိသေးပါဘူး။ Company ဘက်ကတော့ User များ ဘယ်လိုလက်ခံလာမလဲဆိုတာ အချိန်ကသာ ဆုံးဖြတ်ပေးမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Microsoft Edge က လာမယ့် Version မှာ ၎င်းတို့ရဲ့ Feature ၅ခုကို ဖယ်ရှားမယ်လို့ သိရှိရ

သင်က အဆိုပါ Feature များကို အသုံးပြုနေတဲ့ သူဖြစ်ပါက လာမယ့် Edge Version 177 မှာ အသုံးပြုလို့ ရတော့မှာမဟုတ်ပါဘူး။ ဖယ်ရှားလိုက်တဲ့ Feature များနဲ့ ဆင်တူတဲ့ Third-Party Tool များအသုံးပြုမို့ Company က တိုက်တွန်းထားပါတယ်။ September 14 နေ့မှာ Edge Version 177 ကို ရရှိမှာ ဖြစ်ပြီး ဘယ်လိုအရာတွေပါဝင်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version