Notepad မှာ Copilot AI ထည့်သွင်းလိုက်တဲ့ Microsoft

Microsoft ဟာ Windows 11 ရှိ Notepad ကို Copilot AI ထည့်သွင်းကာ အဆင့်မြှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။ Copilot ပါဝင်လာတဲ့ Notepad ဟာ Windows 11 အသုံးပြုသူများအတွက် ပိုမိုအသုံးဝင်တဲ့ Application တစ်ခု ဖြစ်လာခဲ့ပါတယ်။

Notepad မှာ Copilot AI ပါဝင်လာတာကြောင့် အသုံးပြုသူများဟာ စာလုံး (သို့မဟုတ်) စာကြောင်း တစ်ကြောင်းရဲ့ အကြောင်းအရာကို အသေးစိတ် သိရှိလိုတဲ့အခါ ၎င်း စာလုံး (သို့မဟုတ်) စာကြောင်းကို Select မှတ်ကာ Right Click နှိပ်လိုက်တာနဲ့ “Explain With Copilot” ဆိုတဲ့ Function တစ်ခုကို မြင်ရမှာဖြစ်ပြီး ၎င်း Function ကို နှိပ်လိုက်ရင်တော့ Sidebar မှ Copilot Chatbot ပွင့်လာကာ စာလုံး (သို့မဟုတ်) စာကြောင်းရဲ့ အကြောင်းအရာ အသေးစိတ်ကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။

ဒီ Feature ဟာ အသုံးပြုသူများအတွက် အသုံးဝင်တဲ့ Feature ဖြစ်သလို အချိန်ကုန် သက်သာစေမှာ ဖြစ်ပါတယ်။ Microsoft ရဲ့ ပြောပြမှုအရ ၎င်း Feature အပြင် Notepad အတွက် အခြားသော အသုံးဝင်မယ့် AI Features အသစ်တွေကိုလည်း ထည့်သွင်းပေးသွားဖို့ရှိကြောင်း သိရပါတယ်။

Exit mobile version