Meta ရဲ့ “Gen AI Personas” လို့ခေါ်တဲ့ AI Chatbot အသစ်

The Wall Street Journal ရဲ့ အစီရင်ခံစာတစ်ခုအရ Meta က အနုပညာရှင်များနဲ့ ၎င်းတို့ရဲ့ Fan Base များကို ထိတွေ့ဆက်ဆံနိုင်ရန် ဒီဇိုင်းထုတ်ထားတဲ့ Chatbot အပါအဝင် အခြားနယ်ပယ်မှာ အသုံးပြုနိုင်မယ့် Chatbot Person အမျိုးမျိုးကို စမ်းသပ်တီထွင်နေဆဲ ဖြစ်တယ်လို့ သိရှိရပါတယ်။

Company က “Gen AI Personas” လို့ခေါ်တဲ့ AI Chatbot အမျိုးအစား အသစ်ကို ထုတ်ဖော်ပြသမို့ စီစဉ်နေတာဖြစ်ပြီး အဆိုပါ AI Chatbot က လူငယ်အသုံးပြုသူများကို အဓိကထားပြီး ဖန်တီးထားတာဖြစ်တယ်လို့ သိရှိရပါတယ်။ “Gen AI Personas” AI ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ထုတ်လွှင့်ပြသမယ့် Meta Connect အစီအစဉ်မှာ ထုတ်ဖော်ကြေညာသွားမယ်လို့ သိရှိရပါတယ်။ “Gen AI Personas” ရဲ့ လုပ်ဆောင်ချက်နဲ့ပက်သက်တဲ့ အကြောင်းအရာတွေကိုတော့ မသိရှိရသေးပါ။

Meta ရဲ့ “Gen AI Personas” လို့ခေါ်တဲ့ AI Chatbot အသစ်

Meat က Coding နဲ့ အခြားလုပ်ဆောင်ချက်တွေမှာ အသုံးပြုနိုင်မယ့် AI Chatbot များကိုလဲ စမ်းသပ်ဖန်တီးနေတဲ့ အပြင် ChatGPT နဲ့ Bing AI တို့မှာ အသုံးပြုထားတဲ့ OpenAI ရဲ့ Large Language Model ထက်ပိုမိုအားကောင်းတဲ့ LLM အမျိုး အစားတစ်ခုကို ဖန်တီးနေတာဖြစ်ကြောင်း သိရှိရပါတယ်။ နောက်ပြီး Company က ၎င်းတို့ရဲ့ Horizon Worlds avatars ကို မြှင့်တင်ရန် ဒီဇိုင်းထုတ်ထားတဲ့ AI မော်ဒယ်ကိုလည်း လုပ်ဆောင်နေတာဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ထုတ်လွှင့်ပြသမယ့် Meta Connect အစီအစဉ်မှာ Meta ရဲ့ Quest 3 headset အသစ်ကိုလဲထုတ်ဖော်ပြသသွားမယ်လို့ သိရှိရပါတယ်။

Exit mobile version