Meta က လူတွေရဲ့ Data တွေကို အသုံးပြုပြီး AI ကို Train နေကြောင်းတွေ့ရှိ

သင်က FB (သို့) Instagram အသုံးပြုသူတစ်ယောက်ဆို သင့်ရဲ့ Data တွေကို Meta က AI အတွက် အသုံးပြုနေပါတယ်။ EU နိုင်ငံတွေမှာတော့ Meta က အသုံးပြုသူတွေကို အခုလို email ပို့ပါတယ်။

We’re updating our Privacy Policy as we expand AI at Meta

Hi <Name>,

We’re getting ready to expand our AI at Meta experiences to your region. AI at Meta is our collection of generative AI features and experiences, such as Meta AI and AI creative tools, along with the models that power them.”

What this means for you

To help bring these experiences to you, we’ll now rely on the legal basis called legitimate interests for using your information to develop and improve AI at Meta. This means that you have the right to object to how your information is used for these purposes. If your objection is honoured, it will be applied from then on.

We’re including updates in our Privacy Policy to reflect these changes. The updates come into effect on 26 June 2024.

Thanks,
The Meta Privacy team

အခုလို စာပို့ခြင်းက EU နိုင်ငံအတွင်းနေထိုင်နေကြတဲ့လူတွေကိုသာ ပို့တာဖြစ်ပြီး ကျန်တဲ့ ဒေသကလူတွေကို အခုလို အကြောင်းကြားတာမျိုးမရှိပါဘူး။ EU ​ဒေသကလူတွေအနေနှင့် ကိုယ့်ရဲ့ Data ကိုခွင့်ပြုမပြုတာက ရွေးချယ်နိုင်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေနှင့် ပတ်သက်တဲ့အခါ EU နိုင်ငံတွေက တင်းကျပ်တာမျိုးအမြဲရှိပါတယ်။ iPhone မှာ Type-C ဖြစ်အောင် ပြောင်းလဲသွားနိုင်တဲ့အဓိကအချက်ကလည်း EU ရဲ့ စည်းမျဉ်းတွေကြောင့်ဖြစ်ပါတယ်။

Meta က လူတွေရဲ့ Data တွေကို အသုံးပြုပြီး AI ကို Train နေကြောင်းတွေ့ရှိ 1

Meta ရဲ့ ပြောကြားချက်အရ အခုလိုလုပ်တာက Ads အတွက်ကြောင့် Data တွေကို collect လုပ်တာမျိုးဖြစ်ပြီး အသုံးပြုသူတွေအနေနှင့် ရွေးချယ်နိုင်တယ်လို့လည်း ပြောထားပါတယ်။ ထို့အပြင် Data တွေကို Delete လုပ်နိုင်မှာလို့လည်း ပြောကြားခဲ့ပါတယ်။ တစ်ကယ့်လက်တွေ့နောက်ကွယ်မှာတော့ ကိုယ့်ရဲ့ Data တွေကို အသုံးပြုမပြုဆိုတာတော့ သေချာမသိနိုင်ပါဘူး။ Privacy နှင့် ပတ်သက်ရင် နာမည်ဆိုးနှင့် ကျော်ကြားတဲ့ Meta ကိုတော့ အသုံးပြုသူတွေအကြားမှာ အငြင်းပွားဖွယ်ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Exit mobile version