Apple Company က M5 Chip တပ်ဆင်ထားသော iPad Pro နှင့် MacBook Pro အသစ်များကို ဒီနှစ်အတွင်း မိတ်ဆက်တော့မှာ ဖြစ်တယ်လို့ Bloomberg ရဲ့ Mark Gurman က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
Gurman ရဲ့ အဆိုအရ M5 ipad Pro က နောက်ဆုံးစမ်းသပ်မှု (advanced testing stage) အဆင့်သို့ ရောက်နေပြီးဖြစ်ပြီး ဒီနှစ် ဇူလိုင်လလောက်မှာ ထုတ်လုပ် ရောင်းချနိုင်ရန် အဆင့်သင့်ဖြစ်နေကြောင်း သိရပါတယ်။ M5 MacBook Pro ကိုတော့ အောက်တိုဘာလ လောက်မှာ ရောက်ရှိလာနိုင်တယ်လို့ ခန်းမှန်းထားကြပါတယ်။

Apple က ထုတ်လုပ်ထားတဲ့ Modem Chip(C1) ကို ဒီနှစ်ထွက်ရှိမယ့် M5 Model များမှာ တွေ့ရမှာမဟုတ်ပဲ 2027 ခုနှစ်လောက်မှာ ထွက်ရှိမယ့် M6 Model များတွင်သာ စတင်အသုံးပြုနိုင်တယ်လို့ Gurman က ဆိုထားတာဖြစ်ပါတယ်။ Company ရဲ့ ပထမဆုံး in-house cellular modem ဖြစ်တဲ့ C1 Chip ကိုတော့ iPhone 16e မှာစတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး လက်ရှိတွင် စွမ်းဆောင်ရည် ကောင်းမွန်စွာ အလုပ်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
Discussion about this post