LG က AI Processors များပါဝင်တဲ့ OLED TV များကိုထုတ်ဖော်ပြသ

၂၀၂၄ ခုနှစ် ၁ လပိုင်း ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်တဲ့ CES 2024 ပွဲမတိုင်ခင် LG က AI Processors များပါဝင်တဲ့ OLED TV များကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အခုပြသခဲ့တဲ့ LG Signature OLED M4 နဲ့ OLED G4 TV များက မနှစ်ကထွက်ရှိခဲ့တဲ့ မော်ဒယ်များထက် စွမ်းဆောင်ရည်ကို လေးဆမြင့်တင်ပေးနိုင်တဲ့ AI Processor များထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ Alpha 11 AI Processor က ရုပ်ပုံနဲ့ Audio quality ကိုမြှင့်တင်ပေးမှာ ဖြစ်ပြီး ဂိမ်းများကစားတဲ့ အခါ Visual Performance ကို ၇၀ ရာခိုင်နှုန်းအထိမြှင့်တင်ပေးနိုင်တယ်လို့လဲ သိရှိရပါတယ်။

Company ဘက်ကတော့ OLED TV များမှာ ၎င်းတို့ရဲ့ Dynamic Tone Mapping Pro (DTMP) နည်းပညာကြောင့် အလင်းမှောင်ကိုသေချာ ချိန်ညှိပေးမှာ ဖြစ်ပြီး 3D ရုပ်ထွက်များကို ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။ မနှစ်က ထွက်ရှိခဲ့တဲ့ မော်ဒယ်များရဲ့ Refresh Rate က 120Hz နဲ့ထွက်ရှိထားတာဖြစ်ပြီး LG Signature OLED M4 နဲ့ OLED G4 ကတော့ 144Hz refresh rate ထိရရှိမှာ ဖြစ်ပါတယ်။ စျေးနှုန်းပိုင်းကတော့ ဘယ်လောက်ဖြစ်မလဲ မသိရသေးပေမယ့် လာမယ့် ၁ လပိုင်း ၁၀ ရက်နေ့မှာ ပြုလုပ်မယ့် CES 2024 မှာတော့ ပြည့်ပြည့်စုံစုံ သိရှိရမှာ ဖြစ်ပါတယ်။

Exit mobile version