သင့်ရဲ့ A.I skills တိုးတက်လာအောင် ဘယ်လိုလေ့ကျင့်ကြမလဲ။

A.I တွေက လူတွေရဲ့နေ့စဉ်အလုပ်တွေ လွယ်ကူလာဖို့အတွက် ဖန်တီးထားတာဖြစ်ပြီး သင့်ရဲ့အလုပ်ကို အစားထိုးမယ့်အရာမဟုတ်ပါဘူး။ ဒါကြောင့်​ AI နဲ့ သင် အလုပ်အတူတူတွဲလုပ်တက်ဖို့တော့ သင်ကိုယ်တိုင် လေ့ကျင့်ဖို့လိုပါတယ်။ အမေရိကန်နိုင်ငံလိုမျိုးမှာ​ AI တွေကို လူတွေနေရာမှာ အစားထိုးတာထက် AI ကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်တဲ့လူတွေကို အလုပ်တွေပိုပေးလာတာတွေ့ရပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင် နည်းပညာနယ်ပယ်မှာ အလုပ်မလုပ်ရင်တောင် AI ကို ဘယ်လိုအသုံးပြုမလဲဆိုတာ သိထားသင့်ပါတယ်။

ဥပမာ သင်က လုပ်ငန်းရှင်တစ်ယောက် ဖြစ်တယ်ဆိုပါစို့။ သင့်ရဲ့ရောင်းအား နှင့် မားကတ်တင်းစရိတ်ကို ဘယ်လိုအသုံးချသင့်လဲဆိုတာ AI အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်။ သင်က စားဖိုဆောင်အတွက် ချက်ပြုတ်နေတဲ့ စာဖိုမှုးဆိုရင်လည်း ဒီတစ်ပတ်ဟင်းလျာတွေအတွက် ဘာတွေချက်ပြုတ်သင့်လဲဆိုတာ AI ကိုအသုံးပြုပြီး မေးမြန်းနိုင်ပါတယ်။ သင်က ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့ရင်လည်း ကလေးတွေကို Physics အခြေခံသဘောတရား ဘယ်လိုသင်ပြရမလဲဆိုတာမျိုးကို AI နဲ့အသုံးပြုပြီး မေးမြန်းနိုင်ပါတယ်။ အပေါ်ကဖော်ပြခဲ့တဲ့ အလုပ်အကိုင်တွေကို အနည်းဆုံး chat GPT ကို အသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်။ သင့်မှာ လုပ်လောက်တဲ့ အင်္ဂလိပ်စာ အရေးအသားနဲ့ အဖတ်စွမ်းရည်လုံလောက်မှု ရှိဖို့တော့ လိုပါတယ်။

AI ကို အသုံးပြုတာများလာတဲ့အခါမှာ သဘောတရားကို သင်ကိုယ်တိုင်ပိုနားလည်လာပြီး အလုပ်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ AI တွေက တိုးတက်လာတဲ့ခေတ်မှာ အရေးပါလာပေမယ့်​ လူရဲ့အကူအညီမပါပဲ အားလုံးမစွမ်းဆောင်နိင်သေးပါဘူး။ လူတစ်ယောက်ရဲ့ လိုအပ်ချက်ကို အခြားလူက နားအလည်ဆုံးဖြစ်ပြီး AI က ပြီးပြည့်စုံအောင် တွက်ချက်မပေးနိုင်ပါဘူး။

သင့်ရဲ့ A.I skills တိုးတက်လာအောင် ဘယ်လိုလေ့ကျင့်ကြမလဲ။ 1

ဥပမာ ဆိုင်မှာ လာစားနေကြ ဖောက်သည်တစ်ယောက်ရဲ့ အကြိုက်ကို AI ကိုပြောပြပြီး ဟင်းချက်ဖို့ အညွှန်းပေးခဲ့ရင်တောင် AI ရဲ့အဖြေက အနီးစပ်ဆုံးကို မပေးနိုင်ပါဘူး။ သို့ပေမယ့် ဆိုင်မှာချက်ပြုတ်ပေးနေကျ စားဖိုမှုးကတော့​ AI ရဲ့အဖြေကြောင့် အကြံဉာဏ် ကောင်းတွေရပြီး ပိုကောင်းမွန်တဲ့ ဟင်းလျာတွေကို ချက်ပြုတ်ပေးနိုင်ပါတယ်။

အလုပ်တစ်ခုသွားလျှောက်တဲ့အခါမှာလည်း AI ကိုအသုံးပြုတက်တယ်ဆိုတာထက် AI ကို အသုံးပြုပြီး သင်လုပ်ဆောင်နိုင်ခဲ့တဲ့အရာတွေကို ပြောပြနိုင်တာက​ အလုပ်ရှင်အတွက် ပိုသဘောတွေ့စေနိုင်ပါတယ်။ တစ်ကယ်တမ်း AI tools တွေကို အသုံးပြုမယ်ဆိုရင်တော့ ကုန်နိုင်မှာ မဟုတ်ပဲ လေ့လာစရာလည်းများတာကြောင့် လူတိုင်း​ AI နဲ့ ပတ်သတ်ပြီး သိနိုင်မယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ လိုအပ်တဲ့ အလုပ်နေရာအတွက် AI ကို ကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့ ဝန်ထမ်းတွေအတွက်တော့ အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ မရှားပါဘူး။

Exit mobile version