Youtuber တစ်ယောက်အနေနဲ့ Youtube Channel တွေဖန်တီးပြီး ဝင်ငွေရရှိလာတဲ့အခါ မဖြစ်မနေ သိထားရမှာကတော့ အခွန် ( Tax ) အကြောင်းဘဲ ဖြစ်ပါတယ်။ ဒီပိုစ့်မှာတော့ MonetizeMyanmar ကနေ US Tax အကြောင်းကို ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။
US Tax ဆိုတာ အမေရိကန်နိုင်ငံနဲ့ သက်ဆိုင်တဲ့ အခွန်ဖြစ်ပြီး အမေရိကန်နိုင်ငံက ထွက်ရှိတဲ့ ထုတ်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတို့အပေါ် အခြေခံပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေ အပေါ် ပေးဆောင်ရမယ့် အခွန်ဖြစ်ပါတယ်။
Youtuber တစ်ယောက်လုပ်ပြီဆိုရင်လည်း US Tax ကို ပေးဆောင်ဖို့ တာဝန်ရှိလာပါမယ်။ မိမိက အမေရိကန်နိုင်ငံသား မဟုတ်သည့်တိုင်အောင် အမေရိကန်နိုင်ငံက လာတဲ့ အကျိုးအမြတ်တွေကို ခံစားရတာနဲ့ တစ်ပြိုင်နက် အခွန်ကို ပေးဆောင်ဖို့ တာဝန်ရှိတယ်လို့ မှတ်ထားလို့ရပါတယ်။
US Tax က ဘယ်လိုပေးရတာလဲ?
မိမိရဲ့ Youtube Channel Viewer တွေက အမေရိကန်နိုင်ငံကလာတဲ့ US Traffic ( US based View ) ဖြစ်လာခဲ့မယ်ဆိုရင် အမေရိကန်ကလာတဲ့ US Income အပေါ်မှာ 30% ဆောင်ရတာ ဖြစ်ပါတယ်။
US Tax တွက်နည်း
အကယ်၍ သင်ဟာ အမေရိကန်နိုင်ငံသား သို့မဟုတ် အမေရိကန်မှာ အလုပ်လုပ်နေတဲ့သူ မဟုတ်ဘူးဆိုရင် US Tax က US Traffic အပေါ်မှာဘဲ 30% ပေးဆောင်ရတာဖြစ်ပြီး စုစုပေါင်း ဝင်ငွေ အပေါ်မှာ ပေးဆောင်ရတာ မဟုတ်ပါဘူး။ US Tax ကို တွက်ဖို့ အောက်ပါ ဖော်မြူလာအတိုင်း တွက်နိုင်ပါတယ်။
မှတ်ချက် -> အကယ်၍ သင်ဟာ အမေရိကန်နိုင်ငံသား ဒါမှမဟုတ် အမေရိကန်မှာ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့သူ ဒါမှမဟုတ် အမေရိကန်နိုင်ငံနဲ့ တစ်နည်းနည်းပတ်သတ်ပြီး စီးပွားလုပ်ကိုင်သူ ဆိုရင်တော့ ဒီ ဖော်မြူလာက သင့်အတွက် မဟုတ်ပါဘူး။
Total Revenue= {US Income - ( US Income x 0.3 Tax)} + Income from Non-US Countries
ပိုပြီး ရှင်းသွားအောင် အောက်ပါ ဥပမာလေးကို ကြည့်ပါ။
US Traffic မှ ရရှိသော ဝင်ငွေ – $300
US မဟုတ်သော အခြားနိင်ငံမှ ရရှိသော ဝင်ငွေ – $700
မိမိ Channel ၏ စုစုပေါင်း ဝင်ငွေ – $1000
မိမိ ဘဏ်အကောင့်ထဲသို့ ဝင်လာမည့် ခန့်မှန်းစုစုပေါင်း ဝင်ငွေကို US Tax ဖော်မြူလာအရ တွက်မယ်ဆိုရင် အောက်ပါအတိုင်း ဖြစ်ပါမယ်။
Total Revenue = { 300 - ( 300 x 0.3) } + 700 = 910 USD
ဒါဆိုရင် စုစုပေါင်း Youtube က ရရှိမယ့် US Tax ဆောင်ပြီးသား ဝင်ငွေဟာ $910 ဖြစ်ပါလိမ့်မယ်။ $910 ဟာ မိမိရဲ့ ဘဏ်အကောင့်ထဲကို ရောက်ရှိလာတဲ့အခါ Bank Transaction Fees $20 to $40 ခန့်နှုတ်ပြီး ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒီနေရာမှာ Bank ငွေလွှဲခတွေကို အတိအကျ ပြောဖို့ ခက်ပါမယ်။ နိုင်ငံတစ်ခုနဲ့တစ်ခု မတူညီနိုင်သလို ဘဏ်တစ်ခုနဲ့တစ်ခု အပြည်ပြည်ဆိုင်ရာငွေလွှဲခနှုန်းထားတွေ သတ်မှတ်ထားတာတွေလည်း အနည်းငယ်ကွဲပြားနိုင်တာကြောင့် ဖြစ်ပါတယ်။
Tips -> US based Income ကို ဘယ်ကကြည့်ရမလဲ?
Youtube Analytics ရဲ့ Advanced Mode ကနေ တစ်ဆင့် နိုင်ငံတစ်ခုစီကနေ ဝင်တဲ့ ဝင်ငွေအားလုံးကို List လုပ်ပြီး ကြည့်နိုင်ပါတယ်။ ဒါမှသာ ရှင်းရှင်းလင်းလင်း တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။
Geography အောက်မှာ Secondary Metric အနေနဲ့ Estimated Revenue ကို Select လုပ်ပြီး နိုင်ငံအလိုက် စုစုပေါင်း ဝင်ငွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အောက်ပါ ဥပမာ Metric ကို ကြည့်ပါ။
ဆက်စပ်ပိုစ့်များ
Discussion about this post