Google Search ရဲ့ Build-in Tools ဖြစ်တဲ့ Dictionary ကို Grammar စစ်ဆေးနိုင်ဖို့ Metronome နှင့် Multi-sided die လို့ခေါ်တဲ့ AI Tools (၂)ခု ပေါင်းထည့်လိုက်ကြောင်း သိရပါတယ်။
ဒီလိုပေါင်းထည့်လိုက်တာကြောင့် AI ရဲ့ အကူအညီဖြင့် စာကြောင်းများနဲ့ စကားစုများရဲ့ Grammar မှန်ကန်မှုကို စစ်ဆေးပေးနိုင်ပြီ ဖြစ်ပါတယ်။ သို့ပေမယ့် အင်္ဂလိပ်ဘာသာ တစ်မျိုးတည်းကိုသာ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ Grammar စစ်ဆေးလိုတဲ့ စာကြောင်း သို့မဟုတ် စကားစု တစ်ခုကို Google Search ထဲမှာ ရိုက်ထည့်လိုက်ပြီးနောက် “check grammar” သို့မဟုတ် “grammar checker” ဆိုတဲ့ စာသားကို နောက်ဆုံးမှာ ရေးပြီး Enter နှိပ်လိုက်ရင် Grammar အမှန်ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီ Feature ကို ကျွန်ပျူတာမှာတင်မက ဖုန်းမှာပါ အသုံးပြုနိုင်ပါတယ်။
ပုံထဲမှာ မြင်ရတဲ့အတိုင်း ရေးလိုက်တဲ့ စာကြောင်း သို့မဟုတ် စကားစုဟာ Grammar မှန်ကန်နေပါက ဘေးမှာ အစိမ်းရောင် အမှန်ခြစ်ကို မြင်ရမှာ ဖြစ်ပါတယ်။
ပုံထဲမှာ မြင်ရတဲ့အတိုင်း ရေးလိုက်တဲ့ စာကြောင်း သို့မဟုတ် စကားစုဟာ Grammar မှားနေပါက မှန်ကန်တဲ့ အဖြေကိုထုတ်ပေးပြီး ပြင်လိုက်တဲ့ နေရာမှာ မျဥ်းတားထားပေးမှာ ဖြစ်ပါတယ်။ ၎င်း အဖြေမှန်ကို ကူးယူလိုပါက အဖြေမှန်ပေါ်ကို ထိလိုက်တာနဲ့ Copy ဆိုတဲ့ စာသားပေါ်လာမှာ ဖြစ်ပြီး Copy ကို နှိပ်ကာ ကူးယူနိုင်ပါတယ်။ Google ကထုတ်ပေးတဲ့ အဖြေနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု ရှိ မရှိကို Feedback ပေးနိုင်ဖို့ ညာဘက်အောက်နားမှာ Feedback ကိုလည်း ထည့်ပေးထားတာ တွေ့ရပါတယ်။
Google ကတော့ ၎င်း Feature ဟာ AI နဲ့ အလုပ်လုပ်တာဖြစ်လို့ ၁၀၀ ရာနှုန်း မှန်ကန်နိုင်မယ်လို့ အာမ မခံနိုင်ကြောင်း ရှင်းပြထားပြီး စကားစုတွေမဟုတ်ပဲ စာကြောင်းတွေကိုသာ Grammar စစ်ဆေးဖို့ တိုက်တွန်းပြောကြား ထားပါတယ်။ Google အသုံးပြုသူ အများစုကတော့ Grammar စစ်ဆေးခြင်းကို Gmail နဲ့ Google Doc မှာ ထည့်ပေးရန် Google ကို တောင်းဆိုနေကြသော်လည်း Google ကတော့ Google Search မှာသာ စတင်ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။
Discussion about this post