Google ရဲ့ AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတွေမှာ Watermarks ပါဝင်လာတော့မည်

Google ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Google AI နဲ့ ဖန်တီးထားတဲ့ ပုံတွေမှာ Watermarks ထည့်သွင်းဖို့ ကြိုးစားနေပြီဖြစ်ကြောင်း ကြေငြာလိုက်တာ ဖြစ်ပါတယ်။

Google ဟာ AI နဲ့ ဖန်တီးထားတဲ့ ပုံတွေမှာ Permanent Watermarks ထည့်သွင်းဖို့ SynthID လို့ခေါ်တဲ့ နည်းပညာကို စမ်းသပ်နေပြီ ဖြစ်ပါတယ်။ အခုနောက်ပိုင်း AI နဲ့ ဖန်တီးထားတဲ့ ပုံတွေ၊ Videos တွေဟာ လူကိုယ်တိုင်ဖန်တီးထားတဲ့ ပုံတွေနဲ့ ခွဲခြားမရနိုင်လောက်အောင် တိုးတက်လာတာကြောင့် AI နဲ့ ဖန်တီးတဲ့ ပုံတွေကို AI နဲ့ ဖန်တီးထားကြောင်း ခွဲခြားသိမြင်နိုင်ဖို့ Permanent Watermarks ကို ထည့်သွင်းတာဖြစ်ကြောင်း Google က ရှင်းပြထားပါတယ်။

Google ရဲ့ ပြောပြမှုအရ ၎င်းနည်းပညာဟာ လက်ရှိမှာ ပြီးပြည့်စုံခြင်း မရှိသေးပေမယ့် ကုမ္ပဏီအတွင်း စမ်းသပ်မှုများအရ ပုံအများစုပေါ်မှာ သိသိသာသာ လွမ်းမိုးနိုင်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ Developer တွေအတွက် သီးသန့်ထုတ်ထားပေးတဲ့ Google ရဲ့ Generated-AI Platform ဖြစ်တဲ့ Vertex AI မှာတော့ SynthID ရဲ့ Beta Version ကို အသုံးပြုသူတချို့ ရရှိနေပြီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပြောပြမှုအရ SynthID ဟာ Google DeepMind နဲ့ Google Cloud တို့ ပူးပေါင်းဖန်တီးထားကြောင်း၊ နောက်ပိုင်းမှာ Google ထုတ်ကုန်များနဲ့ Third Parties ထုတ်ကုန်များမှာပါ အသုံးပြုနိုင်ရန် ချဲ့ထွင်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Adobe ကျောထောက်နောက်ခံပြုထားသော လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Content Provenance and Authenticity for Coalition (C2PA) ဟာ Digital Watermarks ဖန်တီးမှုတွင် ဦးဆောင်နေပေမယ့် Google ကတော့ အခုအချိန်မှ စတင် ချဥ်းကပ်နေဆဲ အခြေအနေဖြစ်ပါတယ်။ Google ဟာ Watermarks အကြောင်းအပြင် သူတို့ရဲ့ AI နဲ့ ဖန်တီးထားတဲ့ ပုံများကို အခြား Platform သို့မဟုတ် Website တွေမှာ တွေ့ရှိပါက ၎င်း Context အတွက် အခကြေးငွေ ကောက်ခံမှာ ဖြစ်ကြောင်းလည်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါသေးတယ်။

Exit mobile version