Google ရဲ့ Find My Device နဲ့ တွဲသုံးမည့် AirTag လို Devices များကို မိတ်ဆက်

Google ဟာ Find My Device နဲ့တွဲသုံးဖို့ Android ဖုန်းများအတွက် AirTag လို Devices များကို ထုတ်လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ၎င်း Devices ကို Chipolo နှင့် Pebblebee ဆိုပြီး အမျိုးအစား (၂)မျိုးဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

Google မှ ထုတ်လုပ်ပေးလိုက်တဲ့ Chipolo နှင့် Pebblebee တို့ဟာ AirTag လိုမျိုး အဝိုင်းပုံစံ ရှိသလို ပိုက်ဆံအိတ်ထဲ အလွယ်တကူ ထည့်သွင်းနိုင်ရန် လေးထောင့် ပုံစံမျိုးလည်း ထုတ်ထားပေးတာ တွေ့ရပါတယ်။ ၎င်း Devices များကို Android ဖုန်းရှိ Find My Device Software မှ တစ်ဆင့် ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။ Google ရဲ့ ပြောပြမှုအရ အခုလိုမျိုး ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်ဟာ အသုံးပြုသူများရဲ့ ဖုန်း၊ ပိုက်ဆံအိတ်၊ သော့ အစရှိတဲ့ တန်ဖိုးကြီး ပစ္စည်းများ ပျောက်ဆုံးမှုကို လျော့ချနိုင်ဖို့ ဖြစ်ကြောင်း သိရပါတယ်။

Google ရဲ့ Chipolo နှင့် Pebblebee တို့ကို အခုကစလို့ Pre-Order တင်နိုင်နေပြီဖြစ်ကာ မေလထဲမှာတော့ စတင်ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

Exit mobile version