Google Bard ဟာ Code တွေကို Generate လုပ်နိုင်သလို Debug လည်း ပြုလုပ်ပေးနိုင်ပြီ

Google Bard AI Chatbort ဟာ Programming နယ်ပယ်အတွက် Code တွေကို Generate လုပ်ပေးနိုင်ပြီဖြစ်သလို Bug ဖြစ်နေရင်လည်း စစ်ဆေးကာ Debug လုပ်ပေးနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

Google ရဲ့ ပြောပြချက်အရ Bard ဟာ C++ ၊ Java ၊ JavaScript နဲ့ Python တို့အပါအဝင် Programming Language ပေါင်း (၂၀) ကို ရေးသားနိုင်နေပြီဖြစ်ကာ Code တွေကို Generate လုပ်နိုင်သလို Debug လည်း လုပ်ပေးနိုင်နေပြီလို့ သိရပါတယ်။ Code တွေကို Debug လုပ်ချင်ရင် “this code didn’t work, please fix it” ဆိုတဲ့ စာလေးရေးပြီးခိုင်းရင် ရပါပြီ။ ဒီလိုအလုပ်လုပ်ပေးနိုင်တယ်ဆိုပေမယ့် အခုမှ စတင်ထည့်သွင်းပေးထားတာဖြစ်လို့ အဖြေတွေကို ရာနှုန်းပြည့် ယုံကြည်ပေးလို့ မရသေးတာကြောင့် ပြန်လည်စစ်ဆေးဖို့တော့ လိုပါအုံးမယ်လို့ Google က သတိပေးထားပါသေးတယ်။

Debug Code with Google Bard

Google ပြောတာကတော့ အခုလိုမျိုး Programming Language ကို Bard မှာ ထည့်သွင်းပေးတာဟာ Programming ကို စိတ်ဝင်စားပြီး အခုမှစတင်လေ့လာနေသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် Programming ကို အခုမှစတင်လေ့လာနေသူများအနေနဲ့ online ပေါ်မှာ လိုက်ရှာပြီး လေ့လာနေစရာမလိုပဲ Google Bard ကို မေးလိုက်ရုံနဲ့ မသိတာတွေအားလုံးကို အချိန်တိုအတွင်း သိရှိနားလည်နိုင်မှာ ဖြစ်ပါတယ်။

Code တွေကို Generate လုပ်တာနဲ့ Debug လုပ်တာဟာ ChatGPT မှာ လုပ်နိုင်တာကြာပြီဖြစ်ပေမယ့် Google ကတော့ အခုမှ စလုပ်ပေးနိုင်တာဖြစ်လို့ Google ဟာ ChatGPT လောက် အားကောင်းအုံးမှာ မဟုတ်သေးတာ သေချာပါတယ်။ သို့ပေမယ့် Google ဟာ Bard ကို စဥ်ဆက်မပျက် တိုးတက်လာအောင် ကြိုးစားနေတာ တွေ့ရပြီး မကြာသေးမှီကပဲ PaLM လို့ခေါ်တဲ့ Language အသစ်တစ်ခုကို ချပြထားပါသေးတယ်။ ဒီလိုဆိုတော့ ရှေ့ဆက်ပြီး AI တွေအားပြိုင်မှုမှာ ဘာတွေဆက်ဖြစ်လာမလဲ ဘယ်လောက်အထိ ပြောင်းလဲတိုးတက်လာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါတယ်။

Exit mobile version