Gmail ရဲ့ Writing Assistance ကို Android တွေအတွက် ထုတ်ပေးလိုက်ပြီ

ပြီးခဲ့တဲ့ I/O ပွဲမှာ မိတ်ဆက်ပေးခဲ့တဲ့ Writing Assistance Feature ကို Android ဖုန်းတွေရဲ့ Google Workplace ရှိ Gmail မှာ စတင်အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။

ပုံထဲမှာ မြင်ရတဲ့အတိုင်း Gmail ပို့တဲ့နေရာမှာ “Help me write” ဆိုတဲ့ ခလုပ်တစ်ခု ပိုလာမှာဖြစ်ပြီး အဲဒီခလုပ်ကို နှိမ့်လိုက်ရင် ကျလာမယ့် Box ထဲမှာ မိမိရေးချင်တဲ့ အကြောင်းအရာကို Prompt ရေးပြီး Submit နှိမ့်လိုက်တာနဲ့ AI က Mail ကို အလိုအလျှောက်ရေးသားပေးမှာ ဖြစ်ပါတယ်။ ဒါဟာ လုပ်ငန်းခွင်မှာ အရမ်းကိုအထောက်အကူပြုစေမှာဖြစ်ပြီး ChatGPT မှာတော့ အသုံးပြုလို့ရတာ ကြာပြီ ဖြစ်ပါတယ်။ အခု Gmail မှာ တိုက်ရိုက်အသုံးပြုလို့ရပြီဆိုတော့ ပိုပြီးတော့ အဆင်ပြေသွားပြီ ဖြစ်ပါတယ်။

AI နဲ့ Mail ရေးခိုင်းရင် ပိုကောင်းတဲ့ စကားလုံးတွေနဲ့ ပိုကောင်းတဲ့ Mail တစ်စောင်ကို ဖန်တီးနိုင်မယ်ဆိုတာ မှန်ပေမယ့် တိုက်ရိုက်ပို့လိုက်တာမျိုး မလုပ်ပဲ ပြန်စစ်ဖို့တော့ လိုအပ်ပါအုံးမယ်။ အခုမှ Google Workplace ကို စသုံးတဲ့လူတွေကတော့ ဒီ Feature ကို အသုံးပြုလို့ရအုံးမှာ မဟုတ်ပဲ Waitlist အနေနဲ့ စောင့်ရမှာ ဖြစ်ပြီး အရင်ကတည်းက ဖုန်းထဲမှာ Install လုပ်ထားတဲ့ လူတွေကတော့ စောင့်စရာမလိုပဲ တန်းသုံးလို့ရမှာဖြစ်ကြောင်း သိရပါတယ်။

Exit mobile version