ChatGPT ဟာ ၎င်းတို့ရဲ့ AI Search Engine ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးလိုက်သလို လူတိုင်း အခမဲ့ အသုံးပြုနိုင်အောင်လည်း ပြုလုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ChatGPT ရဲ့ AI Search Engine ကို အောက်တိုဘာလမှစပြီး စတင်မိတ်ဆက်ပေးခဲ့ကာ ဝယ်ယူအသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။ ယခုမှာတော့ လူတိုင်း အကောင့်ရှိယုံနဲ့ အခမဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Mobile ပေါ်ရှိ Search Engine မှာ Search လုပ်တဲ့အခါ သမာရိုးကျ ပုံစံအတိုင်း မြင်ရမှာ ဖြစ်ပေမယ့် စားသောက်ဆိုင် (သို့မဟုတ်) စိတ်ဝင်စားစရာ နေရာ တစ်ခုခုကို ရှာမယ်ဆိုရင်တော့ ၎င်းနေရာနဲ့ သက်ဆိုင်တဲ့ ပုံများ၊ Rating များနဲ့ အချိန်များကို ဖော်ပြပေးမယ့်အပြင် ၎င်းနေရာကို Click လုပ်လိုက်ပါက အသေးစိတ်အချက်အလက်များနဲ့ ဘယ်လိုသွားရမလဲဆိုတဲ့ အချက်အလက်တွေကို မြေပုံနဲ့တကွ ဖော်ပြပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
နောက်ထပ် Feature တစ်ခုကတော့ Website များကို ရှာဖွေတဲ့အခါ ပိုမိုလျှင်မြန်စွာ ရှာဖွေနိုင်စေဖို့ ပြုပြင်ပေးထားတယ်လို့ သိရပါတယ်။ ဝယ်ယူ အသုံးပြုသူများအနေနဲ့ Website များကို ရှာဖွေရာတွင် Advanced Voice Mode ကို အသုံးပြုပြီး Up-to-date အချက်အလက်များကို အလိုအလျှောက် ဖော်ပြပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် OpenAI ဟာ ၎င်းတို့ရဲ့ Text-to-image Model ဖြစ်တဲ့ Sora ကိုလည်း မိတ်ဆက်ပေးခဲ့ပြီး တစ်လကို $200 ဖြင့် ဝယ်ယူ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
Discussion about this post