ChatGPT နဲ့ DALL-E 2 တို့ကိုဖန်တီးခဲ့တဲ့ OpenAI အဖွဲ့အစည်းဟာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခုကို ဒီနေ့မှာ လုပ်ပြလိုက်ပါတယ်။ အဲ့ဒါကတော့ Developer တွေအတွက် Whisper API ကို မိတ်ဆက်လိုက်တာဖြစ်ပါတယ်။
ChatGPT ရဲ့ gpt-3.5-turbo မှာ Developer တွေဟာ သူတို့ရဲ့ App တွေ တိုးတက်လာဖို့အတွက် ChatGPT ကို လိုသလိုယူသုံးပြီး ပြုပြင်ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။ နမူနာ ပြောပြရရင် မကြာသေးမှီက မိတ်ဆက်ထားတဲ့ Snap Chat ရဲ့ My AI လိုမျိုးဖြစ်ပါတယ်။ ChatGPT ပြောထားတာကတော့ Whisper API ကို အသက်သွင်းမလို့ အချက်အလက်ဆိုင်ရာ ထိန်းသိမ်းရေးမူဝါဒတွေ ပြင်ဆင်နေတာဖြစ်လို့ ရက် (၃၀) အချိန်ယူအုံးမှာ ဖြစ်ပါတယ်။

OpenAI ရဲ့ ဥက္ကဌ နှင့် co-founder Greg Brockman က Whisper API ဟာ ChatGPT ကို open source အဖြစ် ပြောင်းလဲပေးမယ့် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပေမယ့် အခုအချိန်မှာ ပြင်ဆင်မှုတွေအများကြီးလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ပြောပြခဲ့ပါတယ်။ ChatGPT ရဲ့ API ကို အသုံးပြုနိုင်မယ့် ဈေးနှုန်းတွေကတော့ တိုကင် ၁၀၀၀ တစ်ခု (စာလုံးပေါင်း ၇၅၀ ခန့်) ကို ၀.၀၀၂ ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး API က သတ်မှတ်ထားတဲ့ တိုကင်အရည်အတွက်ထပ် ပိုပြီးအသုံးပြုဖို့ လိုအပ်တဲ့ Developer တွေကတော့ ChatGPT Plus ကို တစ်လလျှင် ၂၀ ဒေါ်လာနဲ့ ဝယ်သုံးနိုင်ပါတယ်။ ဒါ့အပြင် API မှာ ဘာသာမျိုးစုံကို အင်္ဂလိပ်ဘာသာသို့ ပြောင်းလဲပေးနိုင်မယ်လို့လည်း သိရပါတယ်။
Open AI ဟာ Whisper API ကို မိတ်ဆက်ခဲ့ရုံပဲရှိသေးတယ် လာမယ့် စက်တင်ဘာလမှာ open-source Whisper speech-to-text model ကို ဆက်လက် မိတ်ဆက်ပေးသွားမယ်လို့ ပြောထားပါသေးတယ်။ အခု မိတ်ဆက်ခဲ့တဲ့ Whisper API ဟာ ChatGPT အတွက် ရှေ့ဆက်ရမယ့် ခြေလှမ်းအသစ်တစ်ခု ဖြစ်တာကြောင့် နောက်ပိုင်းမှာ ဘာတွေဆက်ပြီး ထူးခြားလာမလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
Discussion about this post