ChatGPT က စတော့ရှယ်ယာစျေးကွက် အတက်၊အကျကို ခန့်မှန်းနိုင်ခဲ့

ChatGPT ကို စာမေးပွဲတွေဖြေဆိုခိုင်းတာတွေ၊ စာရေးခိုင်းတာတွေ စတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်တာ လူတိုင်းသိပြီးကြပေမယ့် ဒီတစ်ခါမှတော့ စတော့စျေးကွက်ကိုပါ ခန့်မှန်းခိုင်းခဲ့တာ ဖြစ်ပါတယ်။

S&P 500 Stock Exchange စျေးကွက်ထဲက ကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာအတက်၊အကျကိုခန့်မှန်းတွက်ချက်ဖို့ ၈ပတ်စာ စတော့စျေးကွက်ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ ChatGPT ကိုပေးခဲ့တာဖြစ်ပါတယ်။ US နဲ့ UK ကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာကို ChatGPT မှ ခန့်မှန်းတွက်ချက်ခဲ့ပြီး မတ်လ (၆ ) ရက်နေ့မှ ဧပြီလ (၂၈) ရက်နေ့အတွင်း အချက်အလက်အရ US Company တွေရဲ့ စတော့ရှယ်ယာစျေးကွက် ၄.၉% ခန့် အကျိုးအမြတ်တိုးတက်ခဲ့တာကို တွေ့ရပါတယ်။ UK Company တွေရဲ့ စတော့ရှယ်ယာစျေးကွက်ကတော့ ၀.၈% အနှုတ်ပြခဲ့ပါတယ်။

စတော့ရှယ်ယာရောင်း၊ဝယ်လုပ်နေတဲ့သူတွေအကြား ChatGPT ရဲ့သတင်းပြန့်နှံ့သွားခဲ့ပေမယ့် ဘယ်လိုမျိုး အချက်အလက်တွေကိုပေးပြီး တွက်ချက်ခဲ့လဲဆိုတာကိုတော့ အတိအကျ ဖော်ပြခြင်းမရှိခဲ့ပါဘူး။ ChatGPT အနေနဲ့ Random Number ကိုသာ ထုတ်ပေးခဲ့ခြင်းလို့ ပြောပေမယ့် စတော့ရှယ်ယာစျေးကွက်တွေက ဂဏန်းသင်္ချာနဲ့ဘဲဆိုင်နေမလား၊ လူတွေရဲ့ ဝယ်လိုအား၊ရောင်းလိုအား လွန်ဆွဲမှုတွေနဲ့ဘဲဆိုင်နေမလားဆိုတာကိုတော့ အတိအကျပြောရခက်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ChatGPT ကိုငွေကြေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများနဲ့ လောင်းကစားဆိုင်ရာ တွက်ချက်မှုတွေအတွက်ပါ အသုံးပြုဖို့ အချို့လူတွေကတော့ စမ်းသပ်တွက်ချက်နေပါပြီ။ အကယ်၍များ ChatGPT ရဲ့ အနာဂတ်ဆိုင်ရာ တွက်ချက်မှုတွေက မှန်ကန်နေမယ်ဆိုရင်တော့ လူတွေရဲ့ ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေလည်း ရုတ်ချည်းဖြစ်သွားနိင်ပါတယ်။

ပြီးခဲ့တဲ့လကလည်း ထိုင်းအမျိုးသားတစ်ယောက် ChatGPT ကို အသုံးပြုပြီး ထီဂဏန်းနံပတ်ကို တွက်ခိုင်းတာ မှန်ကန်သွားတာကြောင့် တစ်ကမ္ဘာလုံးမှာ အဆိုပါ ထိုင်းအမျိုးသားရဲ့ ထီဂဏန်း နံပတ်တောင်းခံတဲ့ ပုံသေနည်း ဗီဒီယို အင်တာနက်မှ ပျံ့နှံ့သွားပါသေးတယ်။

Exit mobile version