April fools လို့ ခေါ်တဲ့ April တစ်ရက်နေ့မှာ Asus က ROG Ally လို့ နာမည်ပေးထားတဲ့ လက်ကိုင် PC Game စက်ကို မိတ်ဆက်ခဲ့ပါတယ်။ April တစ်ရက်နေ့မှာ မိတ်ဆက်လို့ April fools လုပ်တာတော့ မဟုတ်ပါဘူး။
လက်ကိုင် PC Game စက်တွေမှာ နာမည်ကြီးတဲ့ Valve ရဲ့ Steam Deck ထပ်ကို ROG Ally က preformance ပိုင်းမှာရော Display ပိုင်းမှာရော ပိုကောင်းတယ်လို့ သိရပါတယ်။ Steam Deck နဲ့ ROG Ally တို့ရဲ့ တူတဲ့အချက်ကတော့ Steam မှာ တင်ထားတဲ့ PC Game တွေအားလုံးကို ကစားလို့ရမည့်အပြင် အခြား Platform တွေက Game တွေကိုလည်း ကစားလို့ရမှာ ဖြစ်ပါတယ်။

ပုံထဲမှာ မြင်ရတဲ့အတိုင်း ROG Ally ရဲ့ Display ဟာ ၇လက်မ 16:9 screen ဖြစ်ပြီး resolution က 1920 x 1080 နဲ့ ဖြစ်ကာ အလင်းအားက 500 Nits အထိရမှာဖြစ်သလို 120 Hz နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Steam Deck ကတော့ ၇လက်မ 16:10 screen ဖြစ်ပြီး 1280 x 800 resolution ရရှိမှာဖြစ်ကာ အလင်းအားမှာ 400 Nits ပဲ ရမယ့်အပြင် 60 Hz ထိပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ROG Ally ရဲ့ အရွယ်အစားကို ပြောရရင် 280mm x 113mm x 39mm ဖြစ်ပြီး 608g လောက် အလေးချိန်ရှိမှာ ဖြစ်ကာ Steam Deck ကတော့ 298mm x 117mm x 50.5mm အရွယ်ဖြစ်ပြီး 669g အလေးချိန်ရှိပါတယ်။ ဒီလိုဆိုတော့ ROG Ally ဟာ Steam Deck လို ၇လက်မ screen ပေါ်မှာ ကစားရတာခြင်းအတူတူ resolution ပိုင်း၊ preformance ပိုင်းအပြင် ကိုယ်သွယ်ရတဲ့ အရွယ်အစားနဲ့ အလေးချိန်မှာပါ Steam Deck ထပ်အားသာချက်ရှိတာ တွေ့ရပါတယ်။

ROG Ally ကို ဘယ်အချိန်မှာ စတင်ရောင်းချပေးမယ်၊ ဘယ်လောက်ဈေးနဲ့ ရောင်းချပေးမယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ Asus က မပြောသေးတာကြောင့် ROG Ally ကို မြင်ရဖို့ ထပ်စောင့်ရအုံးမှာ ဖြစ်ပါတယ်။
Discussion about this post