Apple ရဲ့ WWDC 2023 ပွဲကို ဇွန်လတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေငြာ

Apple ရဲ့ Worldwide Developers Conference (WWDC 2023) ပွဲကို လာမယ့် ဇွန်လမှာ ကျင်းပမှာဖြစ်ကြောင်း Apple က ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

Apple ရဲ့ ကြေငြာချက်အရ WWDC 2023 ကို US California ရှိ Apple Park မှာ ဂျွန်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ အရင် နှစ်ကလိုပဲ ပထမဦးဆုံး ဖွင့်ပွဲနေ့မှာ လူတွေတက်ရောက်နိုင်မှာဖြစ်ပြီး ကျန်နေ့များကိုတော့ Online စနစ်နဲ့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Apple ရဲ့ ကမ္ဘာတစ်ဝှမ်း Developer ဆက်ဆံရေးဆိုင်ရာ ဒုတိယဥက္ကဌ  Susan Prescott က “ဒီနှစ် WWDC ဟာ Apple ရဲ့ အကြီးဆုံးပွဲဖြစ်သလို ရင်ခုန်စရာ အကောင်းဆုံးလည်း ဖြစ်တယ်” လို့ ပြောထားပါတယ်။

WWDC 2023

Apple ရဲ့ ကြေငြာချက်မှာ အသုံးပြုထားတဲ့ ပုံကိုကြည့်ရတာဟာ Camera တစ်လုံးနဲ့ တူနေလို့ WWDC 2023 မှာ Camera နဲ့ ပတ်သက်တာ တစ်ခုခုကို အဓိကထားပြီး တင်ဆက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။ ကောလဟာလ သတင်းများအရတော့ WWDC 2023 ပွဲမှာ Apple က စမ်းသပ်နေတာ ကြာပြီဖြစ်တဲ့ Apple Silicon Mac Pro ကို မိတ်ဆက်နိုင်သလို 15 လက်မ Macbook ကို မိတ်ဆက်နိုင်တယ်လို့ သိရပါတယ်။ WWDC ဟာ Apple ရဲ့ အကြီးဆုံးနဲ့ ရင်ခုန်စရာ အကောင်းဆုံးပွဲ ဖြစ်တယ်လို့ ပြောထားလို့ ဘာတွေများ တင်ဆက်မလဲဆိုတာ ဇွန်လ ၅ ရက်နေ့မှာ သိရတော့မှာ ဖြစ်ပါတယ်။

Exit mobile version