Apple က တရုတ်နိုင်ငံရဲ့ နာမည်ကြီး App တစ်ခုဖြစ်တဲ့ WeChat App မှာ Online Store တစ်ခုကို စတင်ဖွင့်လှစ်လိုက်ပြီလို့ Tencent ပိုင်သတင်းဌာနတစ်ခုက ကြေညာခဲ့ပါတယ်။ WeChat ရဲ့ Mini-Program မှာ Apple က ၎င်းတို့ရဲ့ Online Store ကိုထည့်သွင်းလိုက်တာဖြစ်ပြီး အဆိုပါ Store မှာ iPhones၊ iPads၊ Apple Watches နဲ့ Macs အစရှိတဲ့ Apple ရဲ့ ထုတ်ကုန်များ ကို ရောင်းချမှာဖြစ်တယ်လို့ သိရှိရပါတယ်။ နောက်ပြီး Tencent ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Alibaba ရဲ့ Tmall e-commerce Platform မှာလဲ ၎င်းတို့ရဲ့ Store တစ်ခုကို ဖွင့်လှစ်ထားတယ်လို့ သိရှိရပါတယ်။
တရုတ်နိုင်ငံ က Apple ရဲ့ ပြင်ပစျေးကွက်မှာ အဓိက နေရာတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး ဖုန်းများစရင်းရဲ့ ထိပ်ဆုံးနေရာ ၃ ခုမှာ Apple ရဲ့ iPhone 13 Serie များက နေရာယူထားကြောင်း သိရှိရပါတယ်။ Apple က ၎င်းတို့ရဲ့ iPhone ထုတ်လုပ်မှု လုပ်ငန်းကို တရုတ်နိုင်ငံမှ ပြောင်းရွေ့ရန် ရည်ရွယ်ထားတာဖြစ်ပြီး Company က ၎င်းတို့ရဲ့ iPhone ထုတ်လုပ်မှုရဲ့ 25% ကို အိန္ဒိယသို့ ပြောင်းရွှေ့ရန် နဲ့ 2025 ခုနှစ်မှာ iPad နှင့် Apple Watch ထုတ်လုပ်မှုရဲ့ 20% ကို ဗီယက်နမ်သို့ ပြောင်းရွှေ့ရန် ရည်ရွယ်ထားကြောင်း သိရှိရပါတယ်။
Discussion about this post