ကလေးများအတွက် Screen Time Limit မှာ Bug ဖြစ်နေကြောင်း Apple ဝန်ခံ

Apple Devices တွေမှာ ပါဝင်တဲ့ Family Share System မှ တစ်ဆင့် ကလေးတွေရဲ့ Screen Time ကို ကန့်သတ်မှုလုပ်နိုင်တဲ့ စနစ်မှာ Bug ဖြစ်နေကြောင်း Apple က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

Screen Time Limit နဲ့ ပတ်သက်ပြီး Bug ဖြစ်နေတာကို The Wall Street Journal က ပြောပြခဲ့လို့ စတင်သိရှိခဲ့ရပြီး Apple ကလည်း ဟုတ်မှန်ကြောင်း ပြန်လည် ပြောခဲ့ပါတယ်။ ၎င်း Bug ဟာ ကလေးတွေရဲ့ Screen Time အစစ်အမှန်ကို ဖော်ပြခြင်းမရှိပဲ လျော့နေတာကြောင့် ကလေးတွေကို အုပ်ထိန်းသူများမှ ကြည့်စေချင်တဲ့ Screen Time Limit ထက်ပိုပြီး ကလေးတွေက ကြည့်ခွင့်ရနေတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Apple ဘက်က “အသုံးပြုသူ တချို့ရဲ့ Screen Time တွေဟာ မမျှော်လင့်ပဲ Reset ဖြစ်သွားတာကို ကျွန်တော်တို့ သိရှိထားပါတယ်။ အသုံးပြုသူတွေရဲ့ တိုင်ကြားချက်များကိုလည်း အလေးနက်ထား ဆောင်ရွက်ခဲ့သလို အခြေအနေများ တိုးတက်ဖို့အတွက် Update များ ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်” လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Apple ရဲ့ Screen Time Limit နဲ့ ပတ်သက်ပြီး Bug ဖြစ်တာ ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။ ဒီနှစ်အစောပိုင်းတုန်းကလည်း အခုလို Bug မျိုးဖြစ်ခဲ့ပြီး May လမှာ Apple က ပြုပြင်ပေးခဲ့ပါတယ်။ သို့ပေမယ့် ဒီပြဿနာဟာ လုံးဝပြေလည်သွားတာမျိုး မဟုတ်တာကြောင့် အခုလို ထပ်ဖြစ်နေကြောင်း ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဘယ်လိုဖြစ်ဖြစ် Apple ဘက်ကတော့ ဒါကိုအကောင်းဆုံး ဖြေရှင်းဖို့အတွက် မကြာမီမှာ Update တစ်ခု ထွက်လာတော့မှာ ဖြစ်ပါတယ်။

Exit mobile version