Apple ရဲ့ iOS 16.3 Beta 2 ကို စမ်းသုံးနိုင်ပြီ

Apple ဟာ iOS 16.2 မှာ Error တစ်ခုရှိခဲ့တာကြောင့် Version သစ်ကို ထုတ်လုပ်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ယခုမှာတော့ iOS 16.3 Beta 2 ကို စမ်းသပ် အသုံးပြုနိုင်ပြီး ဖြစ်ကြောင်း သိရပါတယ်။ Beta version ထွက်လာပြီးဆိုတော့ မကြာမှီမှာ အသုံးပြုနိုင်တော့မှာပါ။

iOS 16.3 Beta မှာ feature အသစ်ပါလာတယ်လို့ သိရပါတယ်။ ၎င်းကတော့ Apple Map မှာ Car Parking ရှာလို့ရမယ့် feature ပဲဖြစ်ပါတယ်။ Apple Map ကို အသုံးပြုပြီး Car Parking နေရာကို ရှာတဲ့အခါမှာ အနီးနားရှိ parking နေရာနှင့် garage နေရာအပြင် ဈေးနှုန်းတွေကိုပါ တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေအပြင် Side Button နှင့် Volume Button ကို ဖိထားရင် အရေးပေါ်ဖုန်းခေါ်တဲ့စနစ်လည်း ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Beta ဖြစ်တာကြောင့် Battery အားကို အလွယ်တကူကုန်စေနိုင်သလို တချို့သော Error တွေလည်း ဖြစ်တတ်ပါသေးတယ်။ အကယ်၍ သင်ဟာ Beta ကို စမ်းသပ်တဲ့ လူတစ်ယောက်ဆိုရင်တော့ ယခုစမ်းသပ်ကြည့်လို့ရပါပြီး။ သို့သော် လုံခြုံရေးအတွက် တတိယ Security Software ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ Beta ထွက်လာပြီးဖြစ်လို့ မကြာမှီမှာ Public Version ရတော့မှာဖြစ်တာကြောင့် iOS 16.2 Update တင်မိပြီး error ဖြစ်နေသူများအတွက် သတင်းကောင်းပဲဖြစ်ပါတယ်။

Exit mobile version