မေလ ၁၅ ရက်တုန်းက စတင်ရောင်းချခဲ့တဲ့ Apple ရဲ့ ၂၀၂၄ ခုနှစ်အတွက် ၁၃ လက်မ iPad Pro ကို ပိုမိုပါးလွှာစေဖို့ အတွင်းပိုင်းမှာ များစွာပြောင်းလဲမှု ပြုလုပ်ထားတာ တွေ့ရပါတယ်။ iPad Pro ကို အတွင်းပိုင်းအထိ ဖွင့်ကာ လေ့လာခဲ့တဲ့ iFixit ရဲ့ YouTube Video အရ Apple ဟာ အရင်ကလိုမျိုး အဓိက အစိတ်ပိုင်းတွေကို ဖြုတ်စရာမလိုတော့ပဲ Battery ကို အလွယ်တကူ ဖြုတ်လဲလို့ရအောင် ပြုလုပ်ထားတာ တွေ့ရပြီး ကော်များကို အဓိက အသုံးပြုထားကြောင်း တွေ့ရပါတယ်။ iFixit ဟာ iPad Pro တင်မက iPad Pro နဲ့ တွဲသုံးရမယ့် Pen ကိုလည်း အတွင်းထဲအထိဖွင့်ကာ လေ့လာပြထားပေမယ့် Pen ကတော့ ပြန်သုံးလို့မရအောင် လုံးဝပျက်စီးသွားခဲ့ ရပါတယ်။ iFixit YouTube Video ကို အောက်မှာ ကြည့်နိုင်ပါတယ်။
Discussion about this post