Android 14 Beta 3 မှာ ပြောင်းလဲသွားမယ့် Themed Icons

Android စတင်ကတည်းက ပြောင်းလဲမှု မရှိခဲ့တဲ့ Themed Icons Design ကို Android 14 Beta 3 မှာ ပြောင်းလဲ လိုက်ပြီ ဖြစ်ပါတယ်။

အသစ်ထပ်ထွက်လာမယ့် Android 14 မှာ ပါဝင်လာမယ့် Features အသစ်တွေကို ပြီးခဲ့တဲ့လတုန်းက မိတ်ဆက်ပေးခဲ့ ပြီးပြီဖြစ်ပါတယ်။ ဒီတစ်ခါ Android 14 Beta 3 မှာတော့ Design ပိုင်းနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ ပြုလုပ်ထားတာ တွေ့ရပါတယ်။ Android စတင်ကတည်းက ပြောင်းလဲမှုမရှိခဲ့တဲ့ Themed Icons Design တွေကို ပြောင်းလဲထားတာပါ။

ပုံထဲမှာ မြင်ရတဲ့အတိုင်း Android 14 Beta 3 ရဲ့ Themed Icons တွေဟာ အရောင်လဲပြောင်းသွားမှာ ဖြစ်သလို Design လည်း ပြောင်းလဲမှုရှိမှာ ဖြစ်ပါတယ်။ ဒါဟာ Google အတွက် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုလို့ ပြောလို့ ရပါတယ်။ Google ဟာ Android 14 မှာ AI Power ကို ထည့်သွင်းပေးမှာ ဖြစ်တဲ့အပြင် အခုလိုမျိုး Design ပိုင်းတွေကိုပါ ပြောင်းလဲမှုတွေ ပြုလုပ်လာတာကြောင့် Android 14 အတွက် အများကြီး အားစိုက်နေတာ တွေ့ရပြီး နောက်ထပ် ထပ်ထည့်ပေးမယ့် အရာတွေလည်း ရှိသေးကြောင်း သတင်းတွေထွက်နေတာကြောင့် Android 14 ရဲ့ ပြောင်းလဲမှုဟာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Exit mobile version