Celebrity တွေရဲ့ အသံကို Alexa မှာ အသုံးပြုခွင့် ပိတ်တော့မည်

Amazon ရဲ့ Alexa မှာ Celebrity တွေရဲ့ အသံကို အသုံးပြုခွင့် ပိတ်တော့မှာ ဖြစ်ကြောင်း Amazon က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Alexa မှာ Celebrity တွေ ဖြစ်တဲ့ Samuel L. Jackson ၊ Shaquille O’Neal နဲ့ Melisssa McCarthy တို့ရဲ့ အသံကို မကြာမီမှာ သုံးလို့ရတော့မှာ မဟုတ်ပါဘူး။ Alexa မှာ Celebrity တစ်ယောက်ရဲ့ အသံကို ပိုက်ဆံပေးဝယ်ထားရင် “Hey Alexa” လို့ ခေါ်မယ့်အစား “Hey [Celebrity Name]” လို့ခေါ်လို့ရမှာ ဖြစ်ပြီး အဲဒီ Celebrity ရဲ့ အသံနဲ့ Alexa ကို မေးတဲ့အရာတိုင်း ပြန်ဖြေပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာမီမှာတော့ ဒီ Feature ကို ပိုက်ဆံပေးဝယ်ထားသူတွေပါ အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး။ အခုလို ပိတ်သိမ်းရတဲ့ အကြောင်းအရင်းကိုတော့ အတိအကျ ပြောပြထားတာမျိုး မရှိပါဘူး။

Celebrity တွေရဲ့ အသံကို အသုံးပြုတဲ့ Feature ဟာ ၂၀၁၉ ခုနှစ်တုန်းက စတင်ထည့်သွင်းပေးခဲ့တာ ဖြစ်ပြီး အစမှာ ၀.၉၉ ဒေါ်လာနဲ့ ဝယ်ရတာဖြစ်လို့ အရမ်းကိုဈေးပေါပါတယ်။ နောက်ပိုင်းမှာတော့ ၄.၉၉ ဒေါ်လာအထိ တဖြည်းဖြည်း ဈေးတက်လာခဲ့ပါတယ်။ အသုံးပြုသူတွေဟာ ဒီ Feature ကို ဒီထပ်ပိုပြီး ကြာအောင်အသုံးပြုနိုင်ဖို့ မျှော်လင့်နေကြပေမယ့် Amazon ကတော့ လာမယ့် သြဂုတ်လထဲမှ လုံးဝ ဖျက်သိမ်းတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ပိုက်ဆံပေးဝယ်ထားသူများအနေနဲ့ Customer Service ကို ဆက်သွယ်ပြီး ပိုက်ဆံကို ပြန်လည်တောင်းခံဖို့လည်း Amazon က ပြောထားတာ တွေ့ရပါတယ်။

အခုလို Amazon က ဒီ Feature ကို ဖျက်သိမ်းရတဲ့ အကြောင်းအရင်းအတိအကျ မပြောထားပေမယ့် ခန့်မှန်းချက်တွေကတော့ အမျိုးမျိုးရှိနေပါတယ်။ Amazon ဟာ ပြီးခဲ့တဲ့ နှစ်တွေက Alexa နဲ့ ပတ်သက်ပြီး ဒေါ်လာ ၅သန်းလောက် အရှုံးပေါ်ခဲ့လို့ အခုလို လုပ်တာလည်း ဖြစ်နိုင်သလို လိုင်စင်အတွက် အခကြေးငွေ မြင့်သွားတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါ့အပြင် Alexa ကို Amazon ရဲ့ ကိုယ်ပိုင် Large Language Model (LLM) နဲ့ အဆင့်မြှင့်ချင်လို့ အခုလို ဒီ Feature ကို ဖျက်သိမ်းတာဖြစ်တယ်လို့လည်း သုံးသပ်ချက်တွေ ရှိနေပါတယ်။

Exit mobile version