AI နည်းပညာသုံး ရောဂါရှာဖွေရေးစက် Neko Health ကို Spotify Founder မှ ဖန်တီး

Neko ဆိုတာ ဘာလဲ?

Spotify ရဲ့ founder Daniel Ek နဲ့ NEKO founder Hjalmar Nilsonne တို့ ပူးပေါင်းပြီး AI နည်းပညာသုံး ရောဂါရှာဖွေရေးစက် Neko Health Machine ကိုတီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ ၎င်း စက်ဟာ Neko ကုမ္ပဏီမှ ထုတ်လုပ်ထားပြီး လူ၏တစ်ကိုယ်လုံးကို 360° လှည့်ကာ Scan လုပ်နိုင်တယ်လို့ သိရပါတယ်။

Daniel Ek ပြောပြမှုအရ မှတ်ဉာဏ်ရည်တုသုံး( AI) စက်ကို ထုတ်လုပ်နိုင်ဖို့အတွက် (၄)နှစ်လောက် အချိန်ယူခဲ့ရကြောင်း သိရပါတယ်။ Neko မှာ Sensors ပေါင်း 70 ကျော်ပါဝင်ပြီး လူသားများတွင်ပါရှိသော မွေးရာပါ အမှတ်အသတ်အသားများ၊ အဖုများ စသည်တို့ကိုပါ သိနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ Neko ကို ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လူသားတွေအားလုံး ကျန်းကျန်းမာမာဖြင့် အသက်ရှင်နေထိုင်နိုင်ရေးနှင့် ဆေးကုသစရိတ်များ နည်းပါးစေရေးအတွက်ဖြစ်ကြောင်း Daniel Ek က ပြောခဲ့ပါသေးတယ်။

Neko founders Daniel Ek and Hjalmar Nilsonne (from google)

Neko ဟာ လူ့အရေပြားပေါ်ရှိ သန်း ၅၀ ကျော်တဲ့ အချက်အလက်တွေအပြင် နှလုံး၊ သွေးကြော၊ အသက်ရှူလမ်းကြောင်း အစရှိတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေအားလုံးကို စုစည်းကာ ဖန်တီးထားတဲ့ self-learning AI-powered system နှင့် ပြုလုပ်ထားတာဖြစ်ပြီး လူနာများရဲဲ့ ရလဒ်တွေကို စက်ရဲ့ သက်ဆိုင်ရာ Software တွင် ကြည့်ရှုစောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

ဆွီဒင်နှင့် EU နိုင်ငံတွေမှာ ဆေးကုသစရိတ်ဟာ မြင့်မားတာကြောင့် ယခုတော့ ဆွီဒင်မှစလို့ အသုံးပြုနိုင်မှာဖြစ်ပြီး 2,000 SEK ($190 ဝန်းကျင်) ကျသင့်မှာ ဖြစ်ကြောင်း သိရပါတယ်။ Neko ကို အသေးစိတ် သိရှိချင်ရင်တော့ Neko Health Web Page မှာ ဝင်ကြည့်နိုင်ပါတယ်။

Exit mobile version