Adobe က ၎င်းတို့ရဲ့ Premiere Pro Software အတွက် ကလစ်တစ်ချက်နှိပ်ရုံ ဖြင့်နောက်ခံ ဆူညံသံများကို စက္ကန့်ပိုင်းအတွင်း ရှင်းထုတ်ပေးနိုင်မယ့် AI Audio feature တစ်ခုကို Premiere Pro (22.4) Update မှာထည့်သွင်းထားတယ်လို့ သိရပါတယ်။ Enhance Speech feature ကို Premiere Pro မှာထည့်သွင်းထားတာ ဖြစ်ပြီး Video Content များကို ဖန်တီးနေတဲ့ သူများအတွက် ဗီဒီယိုများ ဖန်တီးတဲ့ အခါ စိတ်ရှုပ်စရာ နောက်ခံဆူညံသံများ လျှင်မြန်စွာ ရှင်းပေးနိုင်မှာဖြစ်ပါတယ်။
Adobe က Premiere Pro (22.4) Update မှာ AI ကို အသုံးပြုတဲ့ Interactive Fade Handles အပါအဝင် အခြားသော AI-powered audio tools များကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ AI feature များက မိမိအသုံးပြုတဲ့ Device များရဲ့ CPU နှင့် GPU များကို အသုံးပြုပြီး လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ နောက်ပြီး Premiere Pro ကနေ Edit ထားတဲ့ Video များကို TikTok ပေါ်သို့ တိုက်ရိုက် ထုတ်ဝေလို့ရနိုင်မယ့် Feature များလဲ ပါဝင်လာမှာ ဖြစ်ပါတယ်။
Discussion about this post