
မြန်မာစာတန်းထိုး ရုပ်ရှင်၊ ဇာတ်လမ်းတွဲများ ရယူကြည့်ရှုနိုင်မယ့် Website, Blog စာရင်း
ဒီတစ်ခါတော့ ရုပ်ရှင် ချစ်သူတွေအတွက် မြန်မာစာတန်းထိုး ရုပ်ရှင် နဲ့ ဇာတ်လမ်းတွဲ တွေကို ရယူကြည့်ရှုနိုင်မယ့် Website, Blog တွေကို စုစည်း မျှဝေပေးလိုက်ပါတယ်။
All Channel Myanmar
ဒီ Website ကတော့ ပြောနေစရာလိုမယ် မထင်ပါဘူး။ ကြော်ငြာလေး တဆင့်ခံထားတာကလွဲရင် အားလုံးပြည့်စုံတဲ့ Movie download website တစ်ခုပဲ ဖြစ်ပါတယ်။
MMTV Movie Plus
http://mmtvmovieplus.blogspot.com
ဒီ Blog ကတော့ မြန်မာစာတမ်းထိုး တော်တော်များ ရှိပါတယ်။ ကြည့်ရှုရယူချင်ရင်တော့ ကြော်ငြာတွေကို အရင် ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ Movie file တွေကိုတော့ Size အကြီး နဲ့ အသေး ခွဲတင်ပေးထားပါတယ်။
Channel Myanmar Update
http://allmyanmarsubtitlemovies.blogspot.com/
ဒီ Blog မှာလည်း မြန်မာစာတမ်းထိုး ရုပ်ရှင် တွေနဲ့ ဇာတ်လမ်းတွဲတွေကို တင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုလည်း ဖတ်ရှုနိုင်ပါတယ်။ ကြည့်ရှုရယူချင်ရင်တော့ ကြော်ငြာတွေကိုအရင် ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
မြန်မာစာတမ်းထိုး ရုပ်ရှင်များ
http://mmsubtitlemovies.blogspot.com/
ဒီ Blog ကတော့ အခြား Website, Blog တွေထက် ပိုပြီး ကြော်ငြာတွေ ခံထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ ဖတ်ရှုနိုင်ပါတယ်။
MM Movie House
ဒီ Website ကတော့ ကဏ္ဍတွေကို သေချာခွဲထားပေးပါတယ်။ ကြော်ငြာရှိပေမယ့် တဆင့်ပဲ ရှိတဲ့အတွက် ကောင်းတယ်လို့ ဆိုရမှာပါ။
Gold Channel
http://www.goldchannelmovie.net
ဒီ Website ကိုတော့ ရင်းနှီးပြီးသားလို့ ထင်ပါတယ်။ ကြော်ငြာရှိပေမယ့် တဆင့်ပဲ ဖြစ်ပါတယ်။ အမြဲတမ်း Update ဖြစ်တဲ့ Website လို့ ဆိုရမှာပါ။ ဇာတ်လမ်းအကြောင်းကိုလည်း သေချာဖော်ပြပေးထားပါတယ်။
Asian စာတမ်းထိုး Movie
http://www.myanmarsubtitlemovie.com
ဒီ Website ကတော့ တော်တော် သေသေသပ်သပ်လေး လုပ်ထားတဲ့ Website ပါပဲ။ Asian စာတမ်းထိုး လို့ဆိုပေမယ့် World movie တွေလည်း ရှိပါတယ်။ ဇာတ်လမ်းတွဲတွေလည်း စုံစုံလင်လင်တွေ့ရပါတယ်။ ဒါပေမယ့် Website ပေါ်မှာပဲ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီ Website က movie တွေကို ရယူချင်တယ်ဆိုရင်တော့ savefrom.net တို့လို Flash movie download လုပ်လို့ရတဲ့ Website တွေနဲ့ ရယူနိုင်ပါတယ်။ ကလစ်လုပ်ရတဲ့ ကြော်ငြာမရှိတဲ့အတွက် စိတ်ချမ်းသာစရာလေးပါ။
အခြားကောင်းတဲ့ Website, Blog တွေ သိသေးရင်လည်း Comment ကနေ ဖော်ပြပေးသွားကြပါလို့ တောင်းဆိုပါရစေ…
Comments