GPS tracker တွေကို ကား၊ဆိုင်ကယ် နဲ့ အခြား device တော်တော်များများမှာ အသုံးပြုကြပါတယ်။ Android Phone ကိုလည်း GPS tracker အနေနဲ့ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့်ကားတွေမှာ GPS tracker ဝယ်ပြီး တပ်ကြပါတယ်။ သင့်မှာ အသုံးမပြုပေမယ့် ကောင်းနေဆဲ Android phone အဟောင်းတစ်လုံးရှိရင် GPS tracker အနေနဲ့ သင့်ကားထဲမှာ ထည့်ထားလို့ရပါတယ်။
ပထမဦးဆုံးလုပ်ရမှာက သင့် location ကို allow လုပ်ပြီး GPS on ထားဖို့လိုအပ်ပါတယ်။ ကားထဲမှာထည့်မယ်ဆိုရင်တော့ car mount ဝယ်ပြီး dashboard မှာ တပ်ဆင်ထားနိုင်ပါတယ်။ ဦးစားပေး App ပြောရမယ်ဆိုရင် Google ရဲ့ Find my device ကို install လုပ်ထားပါ။ သင့်မှာရှိတဲ့ Google Account တစ်ခုတည်းနဲ့ ဖုန်းတွေအားလုံးကို control လုပ်နိုင်ပြီး location ကို ခြေရာခံနိုင်ပါတယ်။ Third party apps တွေပြောရမယ်ဆိုရင်တော့ Lookout နဲ့ Prey က အကောင်းဆုံး third party apps တွေဖြစ်ပါတယ်။
ဖုန်းနဲ့ GPS tracker ကို နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ GPS tracker တွေက android phone တွေထက် battery ခဏခဏကုန်မှာကို စိုးရိမ်စရာမလိုပါဘူး။ ဒါ့အပြင် ကုန်ကျစရိတ်လည်း သက်သာတာကြောင့် GPS တပ်မယ်စိတ်ကူးထားရင်တော့ GPS tracker ကောင်းကောင်းကို ဝယ်သင့်ပါတယ်။ သင့်မှာ အသုံးမလိုပေမယ့် ကောင်းတဲ့ android phone အဟောင်းတစ်လုံးရှိမယ်ဆိုရင်တော့ အပေါ်ကနည်းလမ်းတွနဲ့ စမ်းသပ်နိုင်ပါတယ်။
Comments