Android phones တွေမှာ ဂိမ်းအကြီးတွေကို စွမ်းဆောင်ရည်အပြည့်နဲ့ အကောင်းဆုံး performance တွေရအောင် လုပ်ပေးနေတာကတော့ Qalcomm ရဲ့ Snapdragon chipset တွေ ဖြစ်ပါတယ်။ Snapdragon chipset တွေက လက်ရှိမှာ 855 အထိ ထွက်ရှိထားပြီး မကြာတော့မယ့် အနာဂတ်မှာတော့ Snapdragon 855 plus ဆိုပြီး ထွက်လာတော့မှာ ဖြစ်ပါတယ်။ လက်ရှိ Snapdragon 855 ကိုတော့ Xiaomi ရဲ့ Mi 9 transparent ဖုန်းတွေမှာ တွေ့နိုင်ပါတယ်။
Snapdragon 855 plus ရဲ့ ထူးခြားချက်ကတော့ AI နဲ့ VR တွေကို support ကောင်းကောင်းလုပ်နိုင်ပြီး 5G connections တွေကို ညိမ်အောင်ထိန်းပေးနိုင်တယ်လို့ company က ဆိုပါတယ်။ ဒါ့အပြင် Battery performance က all-day battery life ကို ရနိုင်ပါတယ်။ လက်ရှိ Snapdragon 855 ကို Samsaung Galaxy S10, One Plus 7Pro နဲ့ LG G8 မှာ မြင်တွေ့နိုင်ပါတယ်။ ဒီဖုန်းတွေက လက်ရှိ Android Phones တွေမှာ အကောင်းဆုံးဖုန်းတွေဖြစ်ပြီး connection ပြတ်တောက်တာမျိုး၊ line ကျတာမျိုးတွေကို လုံး၀နီးပါးမတွေ့ရတဲ့ ဖုန်းတွေဖြစ်ပါတယ်။ ဒါ့အပြင် အရင်တုန်းက android phones တွေလိုမျိုး သုံးနေရင်း hang သွားတာမျိုးကို လုံး၀မတွေ့ရတဲ့ ဖုန်းတွေဖြစ်ပါတယ်။ သေချာတာကတော့ Snapdragon 855 plus ကို ဒီနှစ်အကုန်ထုတ်တဲ့ Google Pixel 4 နဲ့ Samsaung Galaxy Note 10 မှာတော့ တွေ့ရမှာ ဖြစ်ပါတယ်။
Comments