ဒီနေ့ခေတ်မှာ မျက်နှာတစ်ချက်ကြည့်ရုံနဲ့ ဖုန်းကို unlock လုပ်နိုင်သလို bank နဲ့ပတ်သတ်တဲ့ ပေးချေမှုတွေကိုလည်း လုပ်နိုင်ပါတယ်။ လူတွေလုပ်နိုင်သလိုမျိုး အိမ်မွေးတိရစ္ဆာန်တွေကိုလည်း အမှတ်အသားလုပ်နိုင်တဲ့ facial recognition app ကို တရုတ်နိုင်ငံက Artificial Intelligence (A.I) company တစ်ခုက ထုတ်လုပ်လိုက်ပါတယ်။ ဒီ app မှာဆိုရင် ခွေးတွေရဲ့ နှာခေါင်းကို scan ဖတ်ပြီး ခွေးပိုင်ရှင်နဲ့ ခွေးနေအိမ်ကို သိနိုင်တဲ့ app မျိုးဖြစ်ပါတယ်။
ခွေးတွေကို ဒီ app နဲ့ register လုပ်မယ်ဆိုရင်လည်း လူတွေမျက်နှာကို အသုံးပြုသလိုမျိုး ခွေးနှာခေါင်းကို ကိုင်ပြီး ဖုန်း ကင်မရာအရှေ့မှာ ပေါ်အောင် scan ကို သုံးလေးကြိမ်လောက် ပေးဖတ်ရမှာ ဖြစ်ပါတယ်။ ဒီလို face recongition ကို ခွေးတွေအတွက် nose recognition လို့လည်း ခေါ်ကြပါတယ်။ ဒီ app က ၉၅% တိကျတယ်လို့လည်း company က ပြောကြားခဲ့ပါတယ်။ ဒီ app ထုတ်လုပ်ရခြင်း ရည်ရွယ်ချက်ကတော့ အိမ်ခြေရာမဲ့ဖြစ်နေတဲ့ ခွေးလေးတွေနဲ့ သခင်တွေကို ပေါင်းစည်းစေခြင်လို့ ဖြစ်ပါတယ်။ ဒါ့အပြင် မွေးထားပြီး စွန့်ပစ်ထားတဲ့ခွေးလေးတွေကိုလည်း သိနိုင်အောင် လုပ်ရခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်မှာတော့ ဒီလို app မျိုးရှိပြီးသားဖြစ်ပြီး Finding Rover အမည်နဲ့ ထုတ်ထားတဲ့ app ရှိပါတယ်။
Comments