Bill Gates ဆိုတာ ဒီနေ့လူတိုင်းနီးပါး အသုံးပြုနေကြတဲ့ Window OS ကို စတီထွင်ခဲ့တဲ့ Microsoft company ရဲ့ founder ဖြစ်ပါတယ်။ သူသာမရှိခဲ့ရင် ဒီနေ့ Window OS ဆိုတာလည်း ပေါ်လာမှာ မဟုတ်ပါဘူး။ Interview တစ်ခုမှာ Bill Gates ကို အခုချိန် အသက်နှစ်ဆယ်လောက်ဖြစ်ရင် ဘာလုပ်မလဲမေးတော့ A.I company ကို စတည်ထောင်မယ်လို့ပြောကြားခဲ့ပါတယ်။ A.I company တည်ထောင်ပြီး ကွန်ပျူတာတွေကို စာဖတ်တတ်အောင် သင်ကြားပေးမယ်လို့လည်း ဖြေကြားခဲ့ပါတယ်။ ကွန်ပျူတာတွေက စာတွေ ဖတ်တတ်လာတဲ့အခါမှာ ကမ္ဘာကြီး အကြောင်းကို ပိုနားလည်လာပြီး အသိဉာဏ်ပိုမြင့်လာနိုင်မယ်လို့ ဖြေကြားခဲ့ပါတယ်။
Microsoft company က လက်ရှိမှာ project အသစ်တွေနဲ့ နည်းပညာအသစ်တွေကို စမ်းသပ်မှုပြုလုပ်နေပြီး Hololens headset နဲ့ အခြား A.I projects တွေကိုလည်း စမ်းသပ်နေပါတယ်။ Hololens ကတော့ ခေါင်းထဲမှာစွပ်ထည့်တဲဲ့ headset ပုံစံဖြစ်ပြီး လုပ်ငန်းတွေမှာ အသုံးပြုလို့ရပါတယ်။ ဥပမာ တိုက်တာအိမ်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ Design ကို အသေးစိတ် ချနိင်ပါတယ်။ လက်ရှိမှာ Bill Gates က company မှ အနားယူလိုက်တယ်ဆိုပေမယ့် Microsoft company ကိစ္စတွေမှာတော့ အကြံပေးတာမျိုးတွေ လုပ်ပါတယ်။
Bill Gates က ကမ္ဘာမှာ အချမ်းသာဆုံး စာရင်းထဲမှာ ပါဝင်နေပေမယ့်လည်း လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်ပါတယ်။ အာဖရိကတိုက်က လူတွေ အိမ်သာကို စျေးသက်သက်သာသာနဲ့ ဆောက်တာမျိုးတွေ ၊ ရေကို recycle လုပ်ပြီး ပြန်သုံးတာမျိုး project တွေမှာ ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ကိုင်တာမျိုးတွေ လုပ်ပါတယ်။ ပိုက်ဆံအရမ်းချမ်းသာပေမယ့်လည်း သူ့ရဲ့ကျန်ရှိနေတဲ့အချိန်တွေကို စာဖတ်ပြီး ကုန်ဆုံးပါတယ်။ ဒါ့အပြင် ကလေးတွေနဲ့လည်း တူတူရှိနေခြင်းနဲ့ အချိန်တွေကို ကုန်ဆုံးပါတယ်။
ဒီနေ့ခေတ်မှာ A.I တွေက အရေးကြီးတဲ့နေရာတွေက ပါဝင်လာပြီး နေရာတော်တော်များများမှာ ကြိုတင်တွက်ချက်ပေးနိုင်နေပါပြီ။ အလိုအလျောက်မောင်းနှင်နိုင်တဲ့ကားတွေနဲ့ ရာသီဥတု ခန့်မှန်းတဲ့နေရာတွေမှာပါ သုံးလာကြပါပြီ။ Bill Gates ကတော့ A.I တွေကို စာဖတ်စေခိုင်းပြီး ကမ္ဘာကြီး အကြောင်းကို ပိုသိအောင် လုပ်စေချင်ပါတယ်။
Comments