Google Slide သုံးဖို့ Google Account တစ်ခုပဲလိုပါတယ်။ Google Drive က တစ်ဆင့်ဖန်တီးရတာဖြစ်ပြီး လူတိုင်းအလွယ်တကူ သုံးလို့ရအောင် ဖန်တီပေးထားတာဖြစ်ပါတယ်။ သင့်မှာ Google Account မရှိသေးရင်တော့ ၂၁ရာစုမှာ သင်နေထိုင်နေတယ်လို့ ပြောလို့မရပါဘူး။
အဆင့် ၁။
ပထမဆုံးလုပ်ရမှာက Google Drive ကိုသွားပြီး New Button ကိုနှိပ်ပါ။ ဒီအခါမှာ Google Sheet, Google Docs, Google Slide ဆိုပြီး သုံးခုတွေ့ပါလိမ့်မယ်။ Google Sheet က ရုံးစာတွေရေးတဲ့နေရာမှာ အသုံးပြုပြီး Google Docs ကတော့ စာရင်းဇယားတွေ လုပ်တဲ့နေရာမှာ သုံးပါတယ်။ Google Slide ကတော့ Presentation တွေသုံးတဲ့နေရာမှာ အသုံးပြုတာဖြစ်ပါတယ်။ Company အစည်းအဝေးအတွက်နဲ့ ကျောင်းသားတွေအတွက်တော့ အထူးသင့်တော်တဲ့ tool ဖြစ်ပါတယ်။ Google Slide ကို အသုံးပြုချင်ရင်တော့ New > Google Slides > From a Template. Template လုပ်တဲ့အခါမှာ ညာဘက်က sample တွေအတိုင်းမလုပ်ချင်ရင် ကိုယ်တိုင်စိတ်ကြိုက် blank တစ်ခု ဖန်တီးပြီး လုပ်လို့ရပါတယ်။
အဆင့် ၂။
ထိပ်ဆုံးက Navigation bar က Google Slide ရဲ့အသက် ဖြစ်ပါတယ်။ Diagram, ပုံတွေနဲ့ animation တွေကိုလည်း slide မှာထည့်ချင်ရင် Navigation Bar ကို သုံးရမှာပါ။ Add-ons ကတော့ special feature ဖြစ်ပြီး အရမ်းလန်းတဲ့ template တွေလုပ်ချင်ရင် သုံးရတာဖြစ်ပါတယ်။
အဆင့်၃။
ညာဘက်ခြမ်းမှာ မြင်ရတဲ့အတိုင်း သင်ကြိုက်တဲ့ Theme ကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ Themes မှာ စာလုံး font, color တွေနဲ့ style တွေ ပါဝင်ပါတယ်။
အဆင့် ၄။
စာလုံး theme တွေနဲ့ အရောင်တွေကို ပြောင်းချင်ရင် text box ကိုထောက်ပြီး navigation bar က ဆေးပုံး ပုံကို နှိပ်ပြီး သင်ကြိုက်တဲ့ အရောင်ကို ပြောင်းလဲနိုင်ပါတယ်။ Background ကို ပြောင်းချင်ရင်တော့ right click ထောက်ပြီး change background ကို နှိပ်ပြီး စိတ်ကြိုက် ပြောင်းနိုင်ပါတယ်။ ဒါ့အပြင် background ကို ပုံတွေထည့်ပြီး ပြောင်းလဲနိုင်ပါသေးတယ်။
အဆင့် ၅။
Slide တစ်ခုနဲ့ တစ်ခုကြားမှာ Transaction ပြောင်းချင်တဲ့ effect တွေ ထည့်ချင်ရင်တော့ ပြောင်းချင်တဲ့ slide မှာ right click နှိပ်ပြီး ရွေးလို့ရပါတယ်။
Google Slide Presentation အသေးစိတ်ကိုတော့ Youtube မှာ လေ့လာနိုင်တဲ့အပြင် navigation bar မှာ help ဆိုတာကို နှိပ်ကြည့်ပြီး သိနိုင်ပါတယ်။
Comments