၁၅၀၀ တန် SIM Card တွေ ပေါများလာတဲ့အနောက်ပိုင်းမှာ Smartphone တွေ အသုံးများလာသလို အင်တာနက်ကိုလည်း လူကြီးလူငယ်မရွေး သုံးလာကြပါပြီ။ အင်တာနက်တွေ အရင်ထက်မြန်ဆန်လွယ်ကူလာတာနဲ့အမျှ လူတိုင်းက အင်တာနက်ကို အားကိုးလာကြပါတယ်။ အင်တာနက် အသုံးပြုခြင်းက အချိန်၊ လူအင်အား၊ နှင့်ငွေကြေးတို့ကို များစွာ သက်သာစေပါတယ်။
အွန်လိုင်းပေါ်က မှတ်ပုံတင်မလား (သို့) သက်ဆိုင်ရာ အရောင်းပြခန်းတွေမှာ မှတ်ပုံတင်မလား
ဒီမေးခွန်းကိုမေးရင် လူတိုင်းနီးပါး အွန်လိုင်းကနေ မှတ်ပုံတင်မယ်လို့ပဲ ပြန်ဖြေကြလိမ့်မယ်ဆိုတာ ၉၉% သေချာပါတယ်။ အကြောင်းရင်းကတော့ အရောင်းပြခန်းကို မသွားရတဲ့အတွက် အချိန်၊ ငွေ၊ နှင့် လူအင်အားကို သက်သာစေတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်မှာ သက်တောင့်သက်သာ မှတ်ပုံတင်နည်းကို ရေးသားပေးလိုက်ပါတယ်။
မှတ်ပုံတင်ကို ဓါတ်ပုံရိုက်ယူပါ
ပထမဆုံး အွန်လိုင်းပေါ်မှ ဆင်းမ်ကတ်များ မှတ်ပုံတင်ရန်အတွက် မိမိနိုင်ငံသား မှတ်ပုံတင် (သို့မဟုတ်) သက်သေခံကတ်များကို Scan ဖတ်စက်ရှိပါက Scan ဖတ်စက်ဖြင့် JPEG, JPG စသည့် ရုပ်ပုံ Format ပြုလုပ်ထားပါ။ Scan ဖတ်စက် မရှိသူများ မိမိဖုန်းကင်မရာဖြင့် မိမိနိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) သက်သေခံကတ်ပြားကို ဓါတ်ပုံရိုက်ယူနိုင်ပါတယ်။ ဓါတ်ပုံရိုက်ယူတဲ့အခါမှာ Upload ပမာဏကို အများဆုံး 3 Mb သတ်မှတ်ထားတဲ့အတွက် ဖုန်းကင်မရာရဲ့ Resolution ကိုလျှော့ပြီး ရိုက်ယူရမှာ ဖြစ်ပါတယ်။ နမူနာပုံစံကို အောက်မှာကြည့်နိုင်ပါတယ်။

အပေါ်ပုံကတော့ နိုင်ငံသားစီစစ်ရေးကတ် ရှေ့ဘက်ပုံဖြစ်ပြီး အောက်ကပုံကတော့ နိုင်ငံသားစီစဉ်ရေးကတ် ကျောဘက်ပုံပဲ ဖြစ်ပါတယ်။

နမူနာအားဖြင့် နိုင်ငံသားစီစဉ်ရေးကတ်ဖြင့် ဖော်ပြပေးထားတာဖြစ်ပေမယ့် အခြားသော ပတ်စပို့စ်များနှင့် ယာယီကတ်များကိုလည်း အထက်ပါပုံများအတိုင်း Crop ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
MPT SIM Card ကို အွန်လိုင်းကနေ Register လုပ်ပုံလုပ်နည်း | Telenor SIM Card ကို အွန်လိုင်းမှ Register လုပ်ပုံလုပ်နည်း
Ooredoo SIM Card မှတ်ပုံတင်ခြင်း
ပထမဆုံး မှတ်ပုံတင်ဖို့အတွက် အောက်ပါ အချိတ်အဆက်ကို သွားပါ။
http://ooredoo.com.mm/en/Personal/SelfCare/SIM-Registration.aspx
အောက်ပါပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်မယ့် Ooredoo နံပါတ်ကို ရိုက်ထည့်ပါ။
ပုံမှာ မြင်ရတဲ့အတိုင်း Enter the mobile number နေရာမှာ မှတ်ပုံတင်မယ့် Ooredoo ဖုန်းနံပါတ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မှတ်ချက်အနေနဲ့ PC ကနေ မှတ်ပုံတင်ပါက မှတ်ပုံတင်မယ့် ဖုန်းနံပါတ်ကို SMS ဖြင့် PIN နံပါတ် ပေးပို့မှာ ဖြစ်တဲ့အတွက် SIM Card ကို ဟန်းဆက်ထဲ ထည့်ထားဖို့ လိုပါလိမ့်မယ်။ ဖုန်းကနေ မှတ်ပုံတင်မယ့် ဖုန်းနံပါတ်ဖြင့် အင်တာနက်ဖြင့်ပြီး တိုက်ရိုက် မှတ်ပုံတင်ပါက PIN ရိုက်ထည့်စရာမလိုပဲ ဒီအဆင့်ကို ကျော်သွားမှာဖြစ်ပါတယ်။ အခြားဖုန်းနံပါတ်ဖြင့် အင်တာနက်အသုံးပြုပြီး ပြုလုပ်ပါက SMS မှ PIN နံပါတ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ PIN ထည့်ပြီးပါက Log In ဖြစ်သွားမှာ ဖြစ်ပါတယ်။ အောက်မှ ပုံများကို ဆက်ကြည့်ပါ။

ဘာသာစကားနှင့် မြန်မာနိုင်ငံသား သို့မဟုတ် Foreigner ရွေးချယ်ပါ
ပုံမှာ မြင်ရတဲ့အတိုင်း အင်္ဂလိပ် ဘာသာစကားဖြင့် ဆက်လက်လုပ်ဆောင်လိုပါက Myanmar National မှာ Click့ere ကို နှိပ်ပါ။ မြန်မာဘာသာစကားဖြင့် ဆက်လက်လုပ်ဆောင်လိုပါက မြန်မာနိုင်ငံသား မှာ “ဤနေရာကိုနှိပ်ပါ။” ကို နှိပ်ပေးရမှာ ဖြစ်ပြီး Foreigner အတွက်ဆိုပါက Foreigner မှ Click here ကို နှိပ်ပါ။

ကိုယ်ရေးအချက်အလက်များကို ဖြည့်ပါ
အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ကိုယ်ရေးအချက်အလက်များကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်ကို Upload ပြုလုပ်ပါ
အပေါ်ပုံမှာ ပြထားသည့်အတိုင်း ဖုန်းနံပါတ်ပိုင်ရှင်၏ မှတ်ပုံတင်ကို Upload ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Terms and Conditions ကို အမှန်ခြစ်ပေးပြီး လိုက်နာရမှာ ဖြစ်ပါတယ်
အပေါ်ပုံမှာ ပြထားသည့်အတိုင်း Terms and Conditions ကို အမှန်ခြစ်ပေးပြီး လိုက်နာမည်ဖြစ်ပါတယ်။ အမှန်ခြစ်မပေးပါက လိုက်နာလိုခြင်းမရှိဟု အဓိပ္ပါယ်သက်ရောက်ပြီး ဆက်လက်ဆောင်ရွက်လို့ရမှာ မဟုတ်ပါဘူး။ Ooredoo website ရဲ့ Term and Conditions ကို လေ့လာချင်တယ်ဆိုရင် ဒီမှာနှိပ် ပါ။
အမှန်ခြစ် ပေးပြီးပါက အနီရောင် SUBMIT ကို နှိပ်လိုက်ပါ။ Ooredoo SIM Card မှတ်ပုံတင်ခြင်း အောင်မြင်စွာပြီးဆုံးပါပြီ။
MPT SIM Card ကို အွန်လိုင်းကနေ Register လုပ်ပုံလုပ်နည်း | Telenor SIM Card ကို အွန်လိုင်းမှ Register လုပ်ပုံလုပ်နည်း
Comments