(Zawgyi Version)
Microsoft ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Windows 10 မှာ Desktop Icon တွေ၊ Viber ၊ Skype စသည်တို့မှာ မြန်မာစာကို အကုန်လုံးမှာ ပေါ်စေချင်ရင် အောက်ပါနည်းအတိုင်း ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
ပထမဆုံးအနေနဲ့ လိုအပ်တဲ့ Font နဲ့ Registry file ကို Download ဆွဲပါ။ Download link ကို အားလုံးအဆင်ပြေအောင် MediaFire ကနေ ပေးထားပါတယ်။ အဆင်မပြေတဲ့ သူတွေ Comment ကနေ ပြောနိုင်ပါတယ်။
လိုအပ်တဲ့ ဖိုင်တွေ Download လုပ်ပြီးပြီဆိုရင် ပထမဆုံး MEU_ZG_Arial _Regular.ttf ကို Install လုပ်ပါ။ Right click နှိပ်ပြီး Install လုပ်လို့ရသလို Fonts folder ထဲ သွားထည့်လည်း ရပါတယ်။ Replace လုပ်မလားဆိုရင် Replace လုပ်ပါ။ ပြီးပါက Windows 10 System Font.reg ကို Double click နဲ့ Run ပါ။ ဆက် Run မလား မေးရင် OK လုပ်ပြီး ဆက် Run ပါ။ Double click နဲ့ Run လို့မရဘူးဆိုရင် Right click လုပ်ပါ။ ထပ်ဆုံးက Merge ကို နှိပ်ပါ။ ဆက် Run မလားမေးရင် OK လုပ်ပြီး ဆက် Run ပါ။
နှစ်ခုလုံးလုပ်ဆောင်ပြီးပါက Computer ကို Restart ပြုလုပ်ပါ။ Computer တာ ပြန်တက်လာပါက မြန်မာစာတွေကို စနစ်တကျ ပေါ်နေတာ တွေ့မြင်ရမှာပါ။
(Unicode Version)
Comments