ဥရောပနိုင်ငံမှ Apple users တွေသာ အသုံးပြုနိုင်တဲ့ ပထမဦးဆုံး Third-Party App store

EU ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနှင့်အတူ Apple ကလည်း ဖြေလျှော့မှုတွေလုပ်လာရပါတယ်။ ပထမဦးဆုံး iPhone 15 series မှ စပြီး Type-C ကို ထည့်သွင်းလာရပြီး ယခုအခါမှာလည်း Third-Party App Store တွေကို ခွင့်ပြုလာရပါတယ်။ Third-Party App Store ဆိုတာက Appstore မှာမတင်ထားတဲ့ App တွေကို download လုပ်နိုင်ပြီး iPhone မှာ အသုံးပြုနိုင်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ EU region တွေမှာသာ အသုံးပြုနိုင်ပြီး အခြားနိုင်ငံတွေမှာ အသုံးပြုလို့ရမှာ မဟုတ်သေးပါဘူး။ ပထမဦးဆုံး Apple က approve ပေးလိုက်တဲ့ ပထမဦးဆုံး Third-Party App Store ကတော့ Altstore PAL လို့ အမည်ရပါတယ်။

ဥရောပနိုင်ငံမှ Apple users တွေသာ အသုံးပြုနိုင်တဲ့ ပထမဦးဆုံး Third-Party App store 1

Altstore ကို အသုံးပြုချင်တယ်ဆိုရင်တော့ တစ်လကို euro 1.5 သာ ကျသင့်မှာဖြစ်ပြီး မပြောပလောက်တဲ့ အခွန်ကို ပေးရမှာဖြစ်ပါတယ်။ Install လုပ်ရတာ အရမ်းလွယ်ကူပြီး အသုံးပြုသူတွေအနေနှင့် apps နှစ်ခုတွေ့ရမှာ ဖြစ်ပါတယ်။ ပထမဆုံးတွေ့ရတဲ့ app က Clip ဖြစ်ပြီး သင်မှတ်ထားတဲ့ မှတ်စု၊ ပုံတွေကို background မှာ run နေပြီး သင်လိုအပ်တဲ့အခါ ချက်ချင်းအသုံးပြုလို့ရတဲ့ app မျိုးဖြစ်ပါတယ်။ တစ်လကို euro 1 ကျသင့်မှာ ဖြစ်ပါတယ်။ နောက် App တစ်ခုကတော့ Delta လို့အမည်ရပြီး Nintendo game တွေကို ဆော့လို့ရတဲ့ emulator ဖြစ်ပါတယ်။ Delta ကို အခမဲ့ install လုပ်နိုင်ပြီး Altstore ကို install လုပ်ထားသူတိုင်း အသုံးပြုနိုင်ပါတယ်။ Appstore မှာလည်း တရားဝင် install download လုပ်ယူနိုင်တာကြောင့် retro game ဆော့ရတာကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်တွေ့စေနိုင်ပါတယ်။

Developers တွေအတွက် ရည်ရွယ်တဲ့ Altstore

ဥရောပနိုင်ငံမှ Apple users တွေသာ အသုံးပြုနိုင်တဲ့ ပထမဦးဆုံး Third-Party App store 2

Appstore မှာ ခွင့်မပြုတဲ့ App မျိုးတွေကို ဖန်တီးတဲ့ developers တွေအတွက် Altstore က အကောင်းဆုံး platform ပါပဲ။ ထို့အပြင် Apple နှင့် Developers တွေကြားက monetization ပြသနာအတွက်လည်း Altstore က ဖြေရှင်းပေးနိုင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း Apple က သူ့ရဲ့ App Store မှာတင်ထားတဲ့ apps တွေရဲ့ အကျိုးအမြတ်ကို လက်ဝါးကြီးအုပ်ချင်တာကြောင့် နာမည်ကြီး game company တွေဖြစ်တဲ့ Epic တို့လို game company တွေနှင့် တင်းမာမှုတွေရှိခဲ့ပါတယ်။ Altstore ကတော့ သူ့ကို အသုံးပြုမယ့် users တွေဆီက subscription fees တစ်ခုရှိပြီး developers တွေအနေနှင့်လည်း ပထမဦးဆုံး အသုံးပြုသူအတွက် တစ်ယောက်ကို 0.5 euro ပေးရမှာဖြစ်ပါတယ်။ တစ်နှစ်တာပတ်လုံးမှာ အသုံးပြုသူတွေအနေနှင့် ကြိမ်ဖန်များစွာ download လုပ်နိုင်ပြီး install လုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်နှစ်မှာတော့ အသုံးပြုသူက reinstall တစ်ခါလုပ်တိုင်း developer က 0.5 euro ရရှိမှာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနှင့် App ကို premium version နှင့် normal version နှစ်မျိုး subscription ရွေးချယ်ပြီး ဝယ်ယူအသုံးပြုနိုင်ပါတယ်။

Exit mobile version