လစာကောင်းတဲ့ Remote Jobs များ

Remote Jobs တော်တော်များများက ကွန်ပျူတာနဲ့အင်တာနက် ရှိရုံနဲ့ ကြိုက်တဲ့နေရာမှာ လုပ်နိုင်တဲ့အလုပ်တွေဖြစ်ပါတယ်။ သင်က ရုံးသွားရတာ ကြိုက်တဲ့လူမျိုးမဟုတ်ပဲ အိမ်မှာပဲနေပြီး လစာများများလိုချင်တဲ့လူဖြစ်ရင်တော့ အခုပြောပြမယ့်အကြောင်းအရာလေးကို အချိန်ပေးပြီး ဖတ်စေချင်ပါတယ်။ အခုပြောပြမယ့် အလုပ်တွေက မြန်မာနိုင်ငံမှာတော့ ရှားပါးပြီး အခြားနိုင်ငံတွေမှာတော့ တော်တော်များများလုပ်ကြတဲ့ အလုပ်ဖြစ်ပါတယ်။ ဒီအလုပ်တွေကို သင်လုပ်မယ်ဆိုရင်တော့ ပထမဆုံးမရှိမဖြစ် အရေးကြီးဆုံးဖြစ်တဲ့ အင်္ဂလိပ်စာကိုတော့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ လိုပါတယ်။ Covid-19 ကာလမှာရော၊ ပြီးသွားတဲ့ကာလမှာပါ Remote Jobs တွေက လစာကောင်းပြီး ရပ်တည်နိုင်တာကြောင့် သင့်အနေနဲ့အခြေခံလောက် တတ်မြောက်ထားရင်တောင် အများကြီးအလုပ်ဖြစ်နိုင်ပါတယ်။ Remote Jobs တွေကို လေ့လာသင်ယူဖို့အတွက် coursea.org ဆီက တစ်ဆင့်သင်ယူနိုင်ပါတယ်။ Subscription Fees အနေနှင့် တစ်လကို ဒေါ်လာ ၄၀ ကုန်ကျမှာဖြစ်ပါတယ်။ … Continue reading လစာကောင်းတဲ့ Remote Jobs များ