ဒီအချက်တွေကို လူတစ်ယောက်မှာ သင်မြင်နေရပြီဆိုရင် သတိထားဖို့ လိုပါပြီ

လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးဆုံးအချက်ကတော့ ရိုးသားမှုပါ။ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေနှင့် စီးပွားတူလုပ်နေကြတဲ့​လုပ်ငန်းရှင်တွေ အထူးသဖြင့် လူတစ်ယောက်ရဲ့ အပြုအမူကိုကြည့်ပြီး စိတ်နေစိတ်ထားကို ဖတ်ရှုနိုင်ပါတယ်။ အခုပြောပြမယ့်အချက်တွေကို သင့်ပတ်ဝန်းကျင်က လူတွေမှာ မြင်ရရင်တော့ သတိကြီးစွာထားဖို့ လိုပါပြီ။

၁။ နောက်ကွယ်မှာ အတင်းတွေကိုများစွာပြောဆိုခြင်း

လက်ဖက်ရည်ဆိုင် (သို့) ကော်ဖီဆိုင်မှာ ခဏတစ်ဖြုတ်ထိုင်ပြီး စကားစပြောဆိုတာနှင့် အခြားလူတစ်ယောက်ရဲ့ အတင်းကို စပြောတဲ့လူမျိုးဆို သင်သတိထားဖို့လိုပါပြီ။ အတင်းပြောရုံဖြင့် အပြောခံရတဲ့သူက ဘာမှမဖြစ်သွားပေမယ့် ယုံကြည်မှုတော့ ပျောက်ပျက်သွားနိုင်ပါတယ်။ သင့်အကြောင်းကိုလည်း နောက်ကွယ်မှာ အခြားသူတစ်ယောက်နှင့် ပြောဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီလိုလူမျိုး သင့်မှာ ရှိနေပြီဆိုရင်တော့ သတိထားဖို့လိုအပ်ပါတယ်။

၂။ ပုံကြီးချဲ့ပြီး ပြောဆိုတတ်တဲ့လူမျိုး

ပုံကြီးချဲ့ပြီးပြောဆိုတတ်တဲ့လူမျိုးကိုလည်း သတိထားပါ။ အကြောင်းရင်းကတော့ အကြောင်းအရာတစ်ခုခုကို လိုတာထက်ပိုပြီး ချဲ့ထွင်ကားပြီးပြောခြင်းကြောင့် မဆိုင်သောအရာတွေ ဖြစ်ပေါ်တတ်တာကြောင့်ပါ။ လုပ်ငန်းခွင်နှင့် အခြား​ Professional နယ်ပယ်မှာ ပုံကြီးချဲ့ထွင်ပြီးပြောဆိုတတ်ခြင်းကြောင့် အမှားတွေများစွာ ဖြစ်ပေါ်နိုင်ပါတယ်။

၃။ အကြောင်းအရာမရှိပဲ အမြဲမြှောက်ပင့်ပြောဆိုတတ်ခြင်း

လူတိုင်းက မြှောက်ပင့်ပြောဆိုခံရတဲ့အခါ စိတ်ကျေနပ်ကြတက်ပါတယ်။ မြှောက်ပင့်ပြောဆိုတဲ့လူတွေကိုကြည့်တဲ့အခါ သူတို့လိုချင်တဲ့အရာအတွက် အကြောင်းအရာမရှိ အမြဲမြှောက်ပင့်ပြောဆိုနေခြင်းကြောင့် စိတ်ရင်းကောင်းတယ်လို့ထင်ရပေမယ့် သူတို့လိုချင်တဲ့အရာ သင့်ဆီက ရသွားတဲ့အခါမှာ မျက်ကွယ်ပြုသွားတက်ကြပါတယ်။ ဒါကြောင့် အမြဲမြှောက်ပင့်ပြောဆိုတတ်တဲ့လူတွေကိုလည်း သတိထားဖို့လိုအပ်ပါတယ်။

ဒီအချက်တွေကို လူတစ်ယောက်မှာ သင်မြင်နေရပြီဆိုရင် သတိထားဖို့ လိုပါပြီ 1

၄။ ဟန်ဆောင်ကောင်းတဲ့လူမျိုး

လူအချို့က သင်အကူအညီလိုတဲ့အခါ အပြောနဲ့အမြဲကူညီတက်ကြပါတယ်။ သင်လိုအပ်တဲ့အကူအညီမှန်သမျှကို အကုန်ကူညီနိုင်တယ်ဆိုပြီး အမြဲပြောပါတယ်။ တစ်ကယ်တမ်းလက်တွေ့မှာတော့ ပေါ်မလာတက်ပါဘူး။ အကူအညီလိုလို့ မကူညီနိုင်တဲ့အခါ “No” လို့ပြောလိုက်တာက အကောင်းဆုံးနှင့် အရိုးသားဆုံးအဖြေဖြစ်ပြီး အပြောနှင့်အလုပ်လက်တွေ့ မတူညီတဲ့လူမျိုးတွေကိုတော့ သင်သတိထားဖို့လိုပါတယ်။

၅။ မတောင်းပန်တတ်တဲ့လူမျိုး

တစ်ခါတစ်လေ အငြင်းပွားသည်ဖြစ်စေ၊ တစ်ခုခုအမှားလုပ်မိတာဖြစ်စေ လူ့ကျင့်ဝတ်အရ တောင်းပန်တာမျိုးကို လုပ်သင့်ပါတယ်။ အချို့လူတွေက အမှားလုပ်မိတောင်မှ မတောင်းပန်ပဲ အမြဲမှန်တယ်လို့ ယူဆနေတဲ့လူမျိုးဆိုရင်တော့ အဝေးက ရှောင်သင့်ပါတယ်။ ဒီလိုလူမျိုးတွေက တစ်ကိုယ်ကောင်းဆန်ပြီး အဖွဲ့အစည်းတွေနှင့် အလုပ်တူတူလုပ်လို့မရတဲ့ လူမျိုးတွေဖြစ်ပါတယ်။

လူရယ်လို့ဖြစ်လာတဲ့အခါမှာ လူမျိုးစုံနှင့်ပေါင်းသင်းဆက်ဆံရတာကြောင့် သင့်အနေနဲ့ အားလုံးကိုအဆင်ပြေအောင် ပေါင်းသင်းဖို့တော့ မဖြစ်နိုင်ပါဘူး။ အပေါ်က ဖော်ပြပါအချက်တွေထဲက လူမျိုးဆိုရင်တော့ ထိုလူက ရိုးသားတဲ့လူမဟုတ်ဘူးဆိုတာတော့ တပ်အပ်ပြောနိုင်ပါပြီ။

Exit mobile version